ဝန်ထမ်းအားလုံးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ပါတီနိုင်ငံရေးကင်းရှင်းစွာ ဆက်လက် ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြောကြား - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဝန်ထမ်းအားလုံးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ပါတီနိုင်ငံရေးကင်းရှင်းစွာ ဆက်လက် ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ပြောကြား

009


MNP ၊ ဒီဇင်ဘာ ၁

နိုင်ငံတော်အစိုးရယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသော ဝန်ထမ်းများကို မိသားစုသဖွယ် အသိအမှတ်ပြုကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အရာထမ်း၊ အမှုထမ်းများနှင့် မိတ်ဆုံစားပွဲတွင် ပြောကြားသည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းမှာ အဆင့်အလိုက် ဝန်ထမ်းအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း၊ ဝန်ထမ်းအားလုံးအနေဖြင့် ပေးအပ်ထားသော တာဝန်များကို တတ်စွမ်းသမျှ ကြိုးစား ဆောင်ရွက်ကြ သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ဝန်ထမ်းအားလုံးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ညီညီညွတ်ညွတ်ဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာ နိုင်ငံတော်နှင့် ပြည်သူ့အတွက် ဆက်လက် ဆောင်ရွက်ကြစေလိုကြောင်း။


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ တာဝန်ကျရာကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာရန် တာဝန်ရှိကြောင်းနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်ကြရန် လိုကြောင်း ပြောကြားသည်။


ယင်းအရာထမ်း၊ အမှုထမ်းများနှင့် ဂုဏ်ပြုနေ့လယ်စာ မိတ်ဆုံစားပွဲကို ယနေ့ ၁၁ နာရီခွဲက အဆိုပါဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မိတ်ဆုံစားပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပြီး ဂုဏ်ပြုနေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြကာ ဝန်ကြီးဌာနရှိ ဝါသနာရှင် တေးသရုပ်ဖော်အကအဖွဲ့၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုခဲ့ပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages