တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု စုပေါင်း လမ်းလျှောက်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု စုပေါင်း လမ်းလျှောက်ပွဲများ ပြုလုပ်

 


MNP - ဒီဇင်ဘာ  ၁၇


တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များကို စုပေါင်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရိုင်/မြို့နယ်နှင့်မြို့များတွင် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲ (တတိယပတ်) ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။


ထိုသို့စုပေါင်းလမ်းလျှောက်ပွဲများတွင် ကချင်ပြည်နယ်အတွင်းရှိ တနိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဟုမ္မလင်းမြို့၊ ခန္တီးမြို့၊ ရွှေဘိုမြို့၊ ကျွန်းလှမြို့၊ မော်လိုက်မြို့၊ နန်းယွန်းမြို့၊ စစ်ကိုင်းမြို့၊ ကဝမြို့တို့တွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့၊ ထားဝယ်မြို့၊ ကျွန်းစုမြို့၊ တနင်္သာရီမြို့တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖြူးမြို့၊ ဝေါမြို့၊ ဒိုက်ဦးမြို့၊ ကြို့ပင်ကောက်မြို့၊ လက်ပံတန်းမြို့၊ မင်းလှမြို့၊ မိုးညိုမြို့၊ ပန်းတောင်းမြို့၊ ပေါက်ခေါင်းမြို့၊ ရွှေတောင်မြို့၊ တောင်ငူမြို့၊ သနပ်ပင်မြို့၊ သာယာဝတီမြို့၊ သဲကုန်းမြို့၊ ရေတာရှည်မြို့၊ ဇီးကုန်းမြို့တို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့၊ ချောက်မြို့၊ ကံမမြို့၊ မင်းဘူးမြို့၊ မင်းလှမြို့၊ နတ်မောက်မြို့တို့တွင်လည်းကောင်း တစ်ပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။


အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်မြို့၊ မလှိုင်မြို့၊ မိတ္ထီလာမြို့၊ ပြင်ဦးလွင်မြို့၊ သာစည်မြို့၊ တံတားဦးမြို့၊ ရမည်းသင်းမြို့၊ ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့၊ စဉ့်ကူးမြို့၊ ပျော်ဘွယ်မြို့တို့တွင်လည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ သံဖြူဇရပ်မြို့၊  ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲမြို့၊ ဘူးသီးတောင်မြို့၊ မောင်တောမြို့၊ ဂွမြို့၊ တောင်ကုတ်မြို့တို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကော့မှူးမြို့၊ ဒေါပုံမြို့၊ တောင်ဥက္ကလာပမြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မှော်ဘီမြို့၊ မင်္ဂလာဒုံမြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ သာကေတမြို့၊ ဆိပ်ကြီးခနောင်တိုမြို့၊ ကျောက်တန်းမြို့၊ ဒလမြို့၊ ခရမ်းမြို့၊ ဗိုလ်တထောင်မြို့၊ ဒဂုံ(အရှေ့)၊ ဒဂုံ (မြောက်)၊ လှည်းကူးမြို့၊ ပုဇွန်တောင်မြို့၊ ရန်ကင်းမြို့အင်းစိန်မြို့၊ တာမွေမြို့၊ သန်လျင်မြို့တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ရပ်စောက်မြို့၊ ခိုလမ်မြို့၊ လွိုင်လင်မြို့၊ မိုင်းခတ်မြို့၊ မိုင်းခုတ်မြို့၊ မိုင်းရှူးမြို့၊ မိုင်းတုံမြို့၊ မိုင်းယန်းမြို့၊ မိုင်းယောင်းမြို့၊ နမ့်စန်မြို့၊ ပင်လုံမြို့၊ ဆီဆိုင်မြို့တို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြောင်းမြမြို့၊ ဓနုဖြူမြို့၊ အမာမြို့၊ ဖျာပုံမြို့၊ ညောင်တုန်းမြို့၊ မအူပင်မြို့၊ ဟိုင်းကြီးကျွန်း၊ ကျုံပျော်မြို့၊ ကျိုက်လတ်မြို့၊ ဒေးဒရဲမြို့၊ ပန်းတနော်မြို့၊ ကျောင်ကုန်းမြို့၊ လပွတ္တာမြို့၊ ငပုတောမြို့၊ ဝါးခယ်မမြို့၊ ရေကြည်မြို့တို့တွင်လည်းကောင်း သက်ဆိုင်ရာစုရပ်များမှ စတင်ကာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးနောက် စုပေါင်းကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။


အဆိုပါလမ်းလျှောက်ပွဲများကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု လမ်းလျှောက်ပွဲကို စနေနေ့ နံနက်တိုင်းတွင် ပြုလုပ်လျက်ရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)