နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွင် သမဝါယမကဏ္ဍမှပူးပေါင်းဆောင်ရွက်မည့် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွင် သမဝါယမကဏ္ဍမှပူးပေါင်းဆောင်ရွက်မည့် ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP  -   ဒီဇင်ဘာ ၂၇

နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွင် သမဝါယမကဏ္ဍက ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုအဆင့် လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆)၌ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြင့်မားလာစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝနှင့်စီးပွားရေးမြင့်တက်လာစေရေးတို့အတွက် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်ဆောင်ရွက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တောင်သူလယ်သမားအစုအဖွဲ့/ သမဝါယမအသင်းများ၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူများက အဓိကပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းများဆောင်ရွက်ရန်အတွက် ငွေကျပ်ဘီလီယံ ၁၀၀ ကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသအစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့်တိုင်းဒေသကြီး/ ပြည်နယ်ရှစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသသုံးခုတို့တွင် သမဝါယမအသင်း ၁၅၈ သင်း၊ အသင်းသား ၇၁၇၃ ဦးကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကန်ထရိုက်လယ်ယာ၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု၊ အရောင်းဆိုင်၊ ဆန်စက်နှင့်ဆီစက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ငွေကျပ် ၁၁ ဒသမ ၆၇၉ ဘီလီယံခန့်လျာထားဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း။

ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် နိုင်ငံတော်မှမူဝါဒများ ချမှတ်ဆောင်ရွက်နေပြီး သမဝါယမအသင်းများပိုင်ဆိုင်သော ဆီစက်များတည်ထောင်ပြီးစီးပါက ဆီစက် ၁၅ လုံးအထိရှိလာမည်ဖြစ်ကြောင်း၊ ဆီစက်တစ်လုံးမှ တစ်ရက်လျှင် ပျမ်းမျှဆီပိဿာချိန် ၄၀၀ ခန့် ကြိတ်ခွဲထုတ်လုပ်နိုင်သည့်အတွက် သမဝါယမအသင်းပိုင်ဆီစက်များမှ တစ်ရက်လျှင် စားဆီပိဿာချိန် ၆၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်၍ နိုင်ငံတော်၏ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်ပမှတင်သွင်းနေရမှုကိုလျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုက်နာရမည့်စည်းကမ်းများ၊ တာဝန်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများနှင့် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌတို့က မိမိတို့သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)