ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မကွေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မကွေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ




MNP  -   ဒီဇင်ဘာ   ၃၁

မကွေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မကွေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်အခန်းအနားတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမျိုးဇော်က လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်၊ လူအများကြား စကားပြောစွမ်းရည်များ ထက်မြတ်စေရန်၊ ဉာဏ်ပညာကြီးမားပြီး အတွေးအခေါ်မြင့်မားသည့် လူငယ်များဖြစ်လာစေရန်နှင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုနိုင်မည့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မြင့်လှိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့်ကြီးပွားရေး ခေါင်းစဉ်များဖြင့် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်‌ကျော်က ဦးဆောင်ဆွေးနွေး၍ ကျောင်းသား/သူ(၆)ဦး ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ‌ကျောင်းသား/သူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးကာ ပါဝင်ဆွေးနွေးသည့် ကျောင်းသား/သူ(၆)ဦးအား တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ကိုအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)