သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သရက်ခရိုင် ခန်းမဖွင့်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သရက်ခရိုင် ခန်းမဖွင့်ပွဲကျင်းပ


66

MNP  -  ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သရက် ခရိုင် ခန်းမဖွင့်ပွဲ ကျင်းပခြင်းကို ယနေ့ နံနက်(၁၁)နာရီက အဆိုပါ ခန်းမရှေ့၌ ကျင်းပခဲ့သည်။


အဆိုပါ ခန်းမဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ  ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားရာမှာ ယနေ့ နိုင်ငံတော် အစိုးရအနေဖြင့်ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးများကို ဆောင်ရွက်နေသလို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြစ်လည်း တိုင်းဒေသကြီးအတွင်း မြို့နယ်များ အားလုံးရှိ ပြည်သူတို့ရဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် သရက်မြို့သည် မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂေါက်ကွင်းတည်ရှိပြီး ဘိလပ်မြေစက်ရုံ၊ တူရကီသင်္ချုင်း တို့ဖြင့် ထင်ရှားခဲ့တဲ့မြို့တစ်မြို့  ဖြစ်သည့် အတွက် ခရိုင်မြို့နှင့် လျော်ညီသည့် ခန်းမမရှိသဖြင့် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လူဦးရေ (၆၀၀)ဆန့် ခန်းမ ဆောက်လုပ်စေပြီး အတွင်းပိုင်း Decoratin နှင့် အခြားအသံစနစ်  ထိုင်ခုံများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်း၊ လျှပ်စစ် မီးလုပ်ငန်းတို့ပါ ခွင့်ပြုပေးခဲ့ခြင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထားရှိသည့် စေတနာ ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။


ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းက ခန်းမတည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သရက်ခရိုင်ခန်းမမှာ အလျား(၁၆၈)ပေ ၊ အနံ(၈၆)ပေ၊ အမြင့်(၁၇)ပေ R.C.C Structure အမျိုးအစားဖြင့် ဆောက်လုပ်ပြီး ဝင်ဆံ့လူဦးရေ (၆၀၀)ခန့်ဖြစ်ကြောင်းနှင့်  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေကျပ် (၂၉၂)သန်းဖြင့်   ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ(၃)  ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့တာဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး မြို့မိမြိုဖ တစ်ဦးမှ ကျေးဇူးတင် စကားပြောကြားပေးခဲ့သည်။ ဆက်လက်၍ စီးပွားရေးဝန်ကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ မကွေးတိုင်း‌ဒေသကြီး စည်ပင်သာယာရေးညွှန်ကြားရေးမှူးနှင့် သရက် ခရိုင် ၊ ခရိုင်အုပ်ချုပ်ရေးမှူး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်ခန်းမဆိုင်းဘုတ်အား မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ ခရိုင်ခန်းမ ကဗ္ဗည်းမော်ကွန်းအား မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ အသီးသီးက အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကာ တည်ဆောက်ပြီး ခရိုင်ခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages