သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသ့ဖွံဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသ့ဖွံဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်



MNP - ဒီဇင်ဘာ ၇


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းတွင် မြမာလာကျေးရွာ ဘုန်းတော်ကြီး ကျောင်း(ဓမ္မာရုံ)နှင့် မွန်းလွဲပိုင်းတွင် နှစ်ကိုင်းကျေးရွာ ရွာလယ်ဘုန်းတော်ကြီးကျောင်း (ဓမ္မာရုံ)တို့၌ ကွင်းဆင်း၍  ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။


ထိုသို့ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ကျေးရွာနေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျောင်းများ ကောင်းမွန်စေရေးနှင့် ကျန်းမာရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းများ၊ စာသင်လိုအပ်ချက်များရှိပါက တင်ပြနိုင်ရေး အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်- ၁ ဗိုလ်မှူး သက်ထွန်းဦးက နိုင်ငံရေးစစ်ကြောင်းအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချပြရှင်းလင်းပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများ ဆွေး နွေးသည်၊၊


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး ခင်မောင်ထွန်းက လုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ပစ်မှုဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။


ထို့နောက်မြို့နယ် ပညာရေးမှူး ဒေါ်မြင့်အေးက ပညာရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးက မီးဘေးလုံခြုံရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဝေနှင်းက ကျေးလက်လမ်းများ ပြုလုပ်နေမှုအခြေနေ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်အောင်မိုးက လျှပ်စစ်မီးရရှိမှုအခြေနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ကျေးရွာနေ ပြည်သူများ၏ တင်ပြမေးမြန်းချက်များအပေါ်  သက်ဆိုင်ရာတာဝန် ရှိသူများမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မိုးစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)