ပုဏ္ဏားကျွန်း(မြို့မ)ဈေးကြီး၌ တရားမဝင်ဆေးဝါးများ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်း(မြို့မ)ဈေးကြီး၌ တရားမဝင်ဆေးဝါးများ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး




MNP  -   ဒီဇင်ဘာ ၂၈

  ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့(မြို့မ)ဈေးကြီး၌ တရားမဝင် ဆေးဝါးများ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးနှင့် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကောင်းမြတ်ထွန်းတို့ဦးဆောင်၍ မြို့မဈေးကြီးအတွင်း ဆေးဝါး ပစ္စည်းများအရောင်းဆိုင်များတွင် New Magnate Co.,Ltd မှ ဆေးဝါးတစ်မျိုးဖြစ်သော Diclon-M Tablet (Diclofenac Soslum 50mg, Paracetammol 500g)ကို ဆေးဝါးမှတ်ပုံတင်၍ တရားဝင်ရောင်းချဖြန့်ဖြူးလျက်ရှိပြီး၊ ဈေးကွက်အတွင်း မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M ပုံစံတူဆေးဝါးများရောင်းချနေမှုများ ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)