(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးညိုမြို့နယ်၊ ဇီးပင်ကျေးရွာတွင် ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးညိုမြို့နယ်၊ ဇီးပင်ကျေးရွာတွင် ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားပြုလုပ်





MNP  -  ဒီဇင်ဘာ ၂၉

 (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဇီးပင်ကျေးရွာတွင် ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီကကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလွင်က အမှာစကား‌ပြောကြားသည်။ ဆက်လက်၍ မိုးညိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းခိုင်က ကုန်ထုတ်လမ်းဆောင်ရွက် မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိုးညိုအောင်ကုမ္ပဏီမှ ဦးအောင်သူနှင့် ရပ်မီရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက် အမှတ်တရပစ္စည်းများအားတာဝန်ရှိသူများအားပေးအပ်ခဲ့ပြီး ကုန်ထုတ်လမ်းအား ခရိုင်ဦးစီးမှူး ဦးသန်းလွင်၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲထွဋ်အောင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှုခဲ့သည်။


အဆိုပါကုန်ထုတ်လမ်းအား (၂၀၂၂ - ၂၀၂၃)ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၆၃•၃၉ သန်းဖြင့် မြေ(၃၄၄၀ ပေ × ၁၄ ပေ × ၂ ပေ)၊ မြေနီကျောက်စရစ်(၃၄၄၀ ပေ × ၁၂ ပေ × ၉ လက္မ) နှင့် Box Culvert ( ၃ ပေ × ၁၈ ပေ ×၂ ပေ - ၆ လက် မ) အား မိုးညိုအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကုန်ထုတ်လမ်းဆောင်ရွက် မှုပြီးစီးပြီဖြစ်သည့်အတွက် ဒေသထွက်ကုန်များသယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေမည့်အပြင် ကျေးရွာနေပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


ကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)