ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ရှုတ်ချပွဲ မန္တလေးမြို့တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ရှုတ်ချပွဲ မန္တလေးမြို့တွင် ကျင်းပ










MNP ၊ ဒီဇင်ဘာ ၃၀

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ၂၁-၁၂-၂၀၂၂ ရက်နေ့က ဗြိတိန်က တင်သွင်းခဲ့သည့်အဆိုအပေါ် ကန့်ကွက်ရှုတ်ချပွဲ မန္တလေးမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆန့်ကျင်ရှုတ်ချသူများက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ( အလိုမရှိ )၊ ဒို့ပြည်တွင်းရေး စွက်ဖက်မှုများ  ( အလိုမရှိ )၊ အချုပ်အခြာအာဏာထိပါးသူ ( ဒိုရန်သူ ) အစရွိသော ကြွေးကြော်သံများဖြင့် ပိုစတာများ ကိုင်ဆောင်ကာ ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

ဗြိတိန်က တင်သွင်းသည့် အဆိုတွင် အကြမ်းဖက်လှုပ်ရှားမှုများကြောင့် အကျဉ်းကျခံနေရသူများကို လွှတ်ပေးရန် တိုက်တွန်းထားပြီး အကြမ်းဖက်လှုပ်ရှားမှုအား ကာကွယ်တားဆီးနေရသည့် အစိုးရကို အကြမ်းဖက်လုပ်ရပ်များ လျှော့ချရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျှော့ချရန် ပြောဆိုထားသည့်အပေါ် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့တွင် ကန့်ကွက်မှုများ လုပ်ဆောင်လာကြခြင်းဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်က တင်သွင်းခဲ့သောအဆိုမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်လျှက်ရှိသည့် NLD ပါတီမှ ဖွဲ့စည်းထားသော CRPH, NUG, PDF အစရှိသော အကြမ်းဖက်အဖွဲ့များကို ရည်ညွှန်းပြောဆိုခြင်းမျိုး မဟုတ်သည့်အတွက်ကြောင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများက ကန့်ကွက်မှုများ လုပ်ဆောင်လာကြခြင်းဖြစ်သည်။

NLD ပါတီမှ ဖွဲ့စည်းထားသော CRPH, NUG, PDF အစရှိသော အကြမ်းဖက်အဖွဲ့များ၏ လူမဆန်သော ရက်စက်ယုတ်မာရိုင်းစိုငးမှုများကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၄၀၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများကို Drone အသုံးပြု၍ ဗုံးကျဲချခြင်း အစရှိသော အကြမ်းဖက်လုပ်ရပ်များကို PDF နှင့် ပူးပေါင်းဆောင်ရွက်နေသော အကြမ်းဖက်အဖွဲ့အစည်းများက လုပ်ဆောင်နေကြဆဲဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)