နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ(၁၅)ရွာမှ ကော်မတီအဖွဲ့ဝင်များအား ရန်ပုံငွေထိန်းသိမ်းနည်း၊ ငွေစာရင်းထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ(၁၅)ရွာမှ ကော်မတီအဖွဲ့ဝင်များအား ရန်ပုံငွေထိန်းသိမ်းနည်း၊ ငွေစာရင်းထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး


MNP -  ဒီဇင်ဘာ        ၂၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ပြီး နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ(၁၅)ရွာမှ ကော်မတီအဖွဲ့ဝင်များကို ရန်ပုံငွေထိန်းသိမ်းနည်း၊ ငွေစာရင်းထိန်းသိမ်းခြင်းနှင်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးကျော်လွင်နှင့် မြို့နယ်ကျေး/လက်ဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းစန်းမော်တို့က ငွေစာရင်းနှင့်ပတ်သက်၍အဖွဲ့ဝင်များ သိသင့်သည့်အချက်များအားလည်းကောင်း၊ ရရှိလာသည့် ရန်ပုံငွေများကို စနစ်တကျသုံးနိုင်ရေးအတွက်လည်းကောင်း ပြောကြားခဲ့ပြီး မွေး/ကုဦးစီးဌာနမှ ဒေါက်တာနွဲ့နွဲ့ရီက ကျွဲ၊ နွားမွေးမြူရေးနှင့်ပတ်သက်သည်များကို ဆွေးနွေးခဲ့သည်။ အဆိုပါ ကျေးရွာများတွင် မိုးစပါးအလွန် ပဲမျိုးစုံစိုက်ပျိုးခြင်း၊ နေကြာစိုက်ပျိုးခြင်းအပြင် ကျွဲ၊ နွား၊ ဆိတ် မွေးမြူခြင်းများကို ကော်မတီအဖွဲ့ဝင်များမှတစ်ဆင့် စိုက်ပျိုးမွေးမြူကြမည့် တောင်သူများထံ ပြန်လည်မျှဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)