လယ်ဝေးမြို့ က ဖောက်ခွဲရေးသမား မိပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့ က ဖောက်ခွဲရေးသမား မိပြီ



၁-၁၂-၂၀၂၂ ရက်နေ့က လယ်ဝေးမြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ နံနက်ပိုင်း ( ၇ ၀၀)နာရီ ဝန်းကျင်ခန့်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်က သေးသေးလေးပါ။ ဘာကြောင့် သေးသေးဖြစ်ခဲ့ရသလဲဆိုရင် ဖောက်ခွဲရေးသမား ချသွားတဲ့ လက်လုပ်ဗုံးက ပေါက်ကွဲအားထက် ကွန်ကရစ် ကိုတိုးမပေါက်လို့ပါ။ အခု ရေးသားဖော်ပြချက်ဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စစ်ဆေးဆောင်မှု မှတ်တမ်းတွေနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း ကြိုတင် အသိပေးလိုပါတယ်။


အဲဒီ အချင်းဖြစ်တဲ့ နေ့က မိတ်ဆွေတွေက ဖုန်းဆက်ပြောဆိုလို့ သိရပါတယ်။ လယ်ဝေးဈေးအနီးမှာ ပေါက်ကွဲခဲ့တယ်။ လုံခြုံရေးတာဝန်ရှိသူတွေ စစ်ဆေးနေတယ်။ ကိုယ်ကလည်း သတင်းသမားဆိုတော့ အခြေအနေ ဘယ်လိုဖြစ်မလဲ နားစွင့်နေခဲ့ပါတယ်။


အနီးဝန်းကျင်က မိတ်ဆွေတွေရဲ့ ပြောကြားချက်အရ ပေါက်လို့ ပေါက်မှန်းတောင် မသိလိုက်ရပါဘူး။ ပေါက်တော့ ပေါက်သွားတယ်လို့ ဆိုပါတယ်။ အဲဒါကို Khit Thit ပြည်ဖျက်မီဒီယာက တက်လာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ယဉ်ထိန်းတပ်ဖွဲ့ဝင်တွေကိုပဲ ထိခိုက်သလိုလို ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့သလိုလို သတင်းက ကြီးသွားပါတယ်။ အဓိက ကတော့ ဖောက်ခွဲရေးသမားလေးတွေမှာ တစ်ခုခု လုပ်ပြီးတိုင်း Khit Thit ပြည်ဖျက်မီဒီယာကို သတင်းပို့ရမယ်ဆိုတဲ့ ညွှန်ကြားချက်က ရှိပြီး ဖြစ်ပါလိမ့်မယ်။ မပေါက်ကွဲခင်ကတည်းက ကြိုတင်ရေးသားထားတဲ့ သတင်း၊ ပေါက်ကွဲမှုဖြစ်ပြီးလို့မှ မကြာဘူး တက်လာတော့တာပါပဲ။ 

တခြား အရပ်ဒေသက လူတွေကတော့ Khit Thit ပြည်ဖျက်မီဒီယာက တင်ထားတဲ့ သတင်းကိုကြည့်ပြီး စိုးရိမ်ပူပန်ကြမှာတော့ အမှန်ပဲ။ လယ်ဝေးမြို့ခံတွေကတော့ ရယ်တာပေါ့ဗျာ။ ကလေးတွေ သီတင်းကျွတ် ဗျောက်ဖောက်သလောက်တောင် မထိရောက်တဲ့ ဖောက်ခွဲမှုကို Khit Thit မီဒီယာမှာ ပေါက်ကရတွေ ရေးထားတော့ မြို့ခံတွေက ရယ်သပေါ့။

မည်သို့ပင် ဆိုစေ ကိုယ့်မိတ်ဆွေတွေကိုလည်း သတိလက်လွတ် မဖြစ်ကြဖို့တော့ သတိပေးရပါတယ်။ နီပိန်း အစွန်းရောက်တွေဟာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေကြသူတွေဖြစ်တဲ့အတွက် အလစ်အငိုက်ကို ချောင်းလုပ်ရင် ထိခိုက်မှာ အမှန်ပါပဲ။

ဒါနဲ့ အရပ်ထဲက ထွက်လာတဲ့ သတင်းစကားတွေ နားစွင့်နေတော့ အမျိုးသမီးတစ်ယောက်က သူတောင်းစားတွေ ဒီလိုနေရာမှာ လာပြီး ဖောက်ခွဲတော့ ပြည်သူတွေကို ထိကုန်မှာပေါ့။ သူ့ပထွေး တပ်ရှိတဲ့နေရာတော့ သွားမလုပ်ရဲကြဘူးလို့ ဖေက်ခွဲရေးလုပ်တဲ့ အကြမ်းဖက်သမားရှေ့မှာ သွားပြောသတဲ့။ အကြမ်းဖက်အဖွဲ့ဝင် ဖောက်ခွဲရေးသမားကလည်း ဘယ်အညံ့ခံလိမ့်မလဲ။ ဒါက ပါးပါးလေးပဲ ရှိသေးတယ်။ နောက်ကြရင် ဒီထက်ပြင်းထန်တာတွေ လာလိမ့်မယ် ဆိုပဲ။


သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မှတ်တမ်းမှတ်ရာတွေကို စိစစ်လိုက်တဲ့အခါကြတော့ အကြမ်းဖက်သမား ဘယ်သူဘယ်ဝါ ဆိုတာ ပေါ်ပေါက်ပါလေရော။ ညဘက်မှာပဲ အကြမ်းဖက်သမားကို ဖမ်းဆီးသွားပါလေရောဗျာ။ ဖောက်ခွဲရေးသမားလေးက အသက် (၂၀)ဝန်းကျင် လူငယ်တစ်ယောက်ပါပဲ။ သူ့ကို ခိုင်းစေတဲ့ လူတော့ ရှိမှာပေါ့ဗျာ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ နောက်ထပ် အမှုတွဲတွေ ဖော်ထုတ်နိုင်ခြင်း ရှိ/မရှိတော့ မသိပါဘူးဗျာ။


မောင်မင်းကြီးသား နီပိန်းအကြမ်းဖက်သမားများရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ပြောစမှတ်တော့ တွင်သွားတာပေါ့ဗျာ။ ဗိုလ်ချုပ်ကြေးရုပ်ကြီး စိုက်ထူချင်တာလည်း သူတို့ပဲ။ စိုက်ထူခဲ့တာလည်း သူတို့တွေပဲ။ ဖောက်ခွဲဖျက်ဆီးဖို့ ကြိုးစားတာလည်း သူတို့ပဲ ဖြစ်နေတယ်။ ဖောက်ခွဲရေးပစ္စည်းကို ဈေးဘက်မှာ ချသွားတာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြေးရုပ် အုတ်ခံနားမှာ ချခဲ့တာဗျာ။ သူတို့ရဲ့ လက်လုပ်ဗုံးက ပြင်းထန်ခဲ့ရင်တောင် အထိနာမှာကတော့ ဗိုလ်ချုပ်ကြေးရုပ်ကြပီးပဲ ဖြစ်မှာပါ။


လယ်ဝေးမြို့ကို ပေါ့သေးသေးတော့ တွက်လို့မရဘူး။ လယ်ဝေးမြို့မှာ အစွန်းရောက်တွေ ရှိတယ်။ လယ်ဝေးမြို့က အစွန်းရောက် အကြမ်းဖက်ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကို အခုထိ မမိသေးဘူး။ တောခိုနေတယ်လို့ သတင်းကြားရပါတယ်။ အဲဒီ ဝရမ်းပြေး လွှတ်တော်ကိုယ်စားလှယ်ဟောင်း အစွန်းရောက် အကြမ်းဖက်ခေါင်းဆောင်ကြီးက လှမ်းပြီး လမ်းညွှန်ခိုင်းစေလို့ လုပ်နေကြသလားဆိုတာတော့ စဉ်းစားစရာပေါ့ဗျာ။


လယ်ဝေးမြို့မှာ ဖောက်ခွဲမှုလုပ်တိုင်း လွတ်မြောက်သွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ ဗိုလ်ချုပ်ကြေးရုပ်အနီး ဖောက်ခွဲမှု အပါအဝင် လယ်ဝေးမြို့နယ်ထဲမှာ (၄)ကြိမ်ထက် မနည်း ဖောက်ခွဲခဲ့ပြီးဖြစ်ပါတယ်။ ရဲစခန်းရှေ့ ဖောက်ခွဲမှုမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရ ဖြစ်ခဲ့သလို မီးပွိုင်တစ်ခုအနိး ဖောက်ခွဲမှုမှာလည်း ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အသုံးပြုတဲ့ ကားထိခိုက်ပျက်စီးခဲ့ပါတယ်။ NLD အစွန်းရောက် အကြမ်းဖက်တွေက တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် အများပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လုပ်ဆောင်နေသလို တာဝန်ရှိသူတွေကလည်း တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရမယ့် တာဝန်ရှိသူများ ဖြစ်သည့်အတွက် အစွန်းရောက် အကြမ်းဖက်သမားများ ဖော်ထုတ်ဖမ်းဆီးရမိရေးကို အလေးထား ဆောင်ရွက်တယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ လွတ်မြောက်သွားတယ်ဆိုတာ မရှိခဲ့ပါဘူး။


လယ်ဝေးမြို့နယ်မှာ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တည်ငြိမ်အေးချမ်းရေး တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ အကြမ်းဖက်လှုပ်ရှားမှု တားဆီးကာကွယ်ရေးမှာတော့ စံပြုထိုက်တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ အချို့သော မြို့နယ်တွေမှာ ဖောက်ခွဲမှု ဖြစ်လို့လည်း အကြမ်းဖက်သမားကို မမိဘူး။ အုပ်ချုပ်ရေးမှူးတွေ၊ အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခံရလို့လည်း အကြမ်းဖက်သမားကို မမိဘူး။ ဖမ်းဆီးရမိဖို့လည်း အလေးထားပုံမပေါ်ဘူး။ အကြမ်းဖက်သမားတွေအတွက် အခွင့်အရေးပေးထားသလို ဖြစ်စေပါတယ်။ လယ်ဝေးမြို့မှာ အစွန်းရောက် အကြမ်းဖက်သမားတွေ ပြေးပေါက်မရှိအောင် ဆောင်ရွက်ပေးသလို အခြားသော မြို့နယ်တွေမှာလည်း တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး အကြမ်းဖက်လှုပ်ရှားသူ နီပိန်းအစွန်းရောက်တွေ ပြေးပေါက်မရှိအောင် စွမ်းဆောင်ပေးကြရင်ဖြင့် အတိုင်းထက်အလွန်ပါပဲ။


မပြောချင်ပေမယ့် အရှိတရား အမှန်တရား ဖြစ်နေတာတစ်ခုက ရဲထဲမှာလည်း ရဲနီတွေ ရှိတယ်။ ထွေအုပ်ထဲမှာလည်း ထွေနီတွေ ရှိနေတယ်။ သူတို့တွေဟာ နစက ကို ဆန့်ကျင်တယ်ဆိုပြီး ပြတ်ပြတ်သားသား ထွက်သွားနိုင်တဲ့ သူတွေလည်း မဟုတ်ဘူး။ မြို့ထဲမှာ ရှိတဲ့ ငွေကြေးဓနပြည့်စုံတဲ့ နီပိန်းတွေနဲ့ပေါင်းပြီး ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အားပေးအားမြှောက် လုပ်နေတာတွေလည်း ရှိပါတယ်။ သူတို့ကို ဝေဖန်ပစ်တင် ပြောဆိုမယ်ဆိုရင်တော့ သတိထားရပါတယ်။ ဘာတဲ့ သူတို့ရဲ့ လက်သုံးစကားက "ကျွန်တော်တို့က အနီ အစိမ်း မခွဲခြားဘူးဆိုပဲ"။ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရမယ့် တာဝန်ရှိသူတွေက အဲဒီလို လူကြားကောင်းအောင် ပြောပြီး နီပိန်းတွေနဲ့ ပေါင်းစားနေပြီဆိုရင်တော့ သတိသာ ထားကြဗျို့။ ခင်ဗျားတို့ အရပ်ဒေသမှာ နီပိန်းတွေ ထင်တိုင်းကျဲနေပါလိမ့်မယ်။


လယ်ဝေးမြို့မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ချင်သေးသလား။ ပြေးလို့ လွတ်လိမ့်မယ်တော့မထင်နဲ့။ ပြည်ဖျက် မီဒီယာတွေက ပေါက်ကရ ပေါက်ပန်းစေးတွေ ရေးသားဖော်ပြနေလို့လည်း အထင်ကြီးလိမ့်မယ်မထင်နဲ့။ ဒေသခံတွေ သိပါတယ်။ နီပိန်း အစွန်းရောက် အကြမ်းဖက်တွေများ လုပ်ရပ်လေခြင်း။ တပ်မတော်ကို တော်လှန်ချင်တာနဲ့ပဲ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်ကြေးရုပ်ကို ဖောက်ခွဲဖျက်ဆီးဖို့ ကြိုးစားလာတာကတော့ သရုပ်ပျက်လွန်းပါရဲ့ကွာ။  ။


ဒေါင်းနင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)