MNP ၊ ဒီဇင်ဘာ ၁၉
အုတ်ဖိုမြို့နယ်၊ အေးမြသာယာ အမှတ် ၈ ရပ်ကွက်တွင် ၁၄.၁၂.၂၀၂၂ရက်နေ့ ၂၃ ၃၀ အချိန်ခန့်တွင် သေဆုံးသူ သိန်းနိုင်ဦး (ခ)ဘာမီတွန်၏ ဇနီးဖြစ်သူ ဒေါ်သော်တာဦးမှာ နေအိမ်အပေါ်ထပ်တွင် ဘုရားပန်းလဲနေပြီး နေအိမ်အောက်ထပ်သို့ပြန်ဆင်းလာစဉ် မျက်နှာဖုံးစွပ်နှင့် အမည်မသိလူ (၃)ဦး အနက်မှ တစ်ဦးမှ ၎င်းမျက်နှာအားရိုက်နှက်ပြီး သတိလစ်လဲကျသွားခဲ့ကာ ပြန်သတိရချိန်တွင် ခင်ပွန်းဖြစ်သူမှာ အိပ်ရာထဲတွင်သတ်ခံထားရကြောင်း ရဲစခန်းသို လာရောက်တိုင်တန်းခဲ့သဖြင့်ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး အုတ်ဖိုမြိုနယ်ရဲတပ်ဖွဲမှူး၊ စခန်းမှူးတိုမှ စစ်ဆေးခဲ့ရာ လာရောက်တိုင်တန်းသူ ဒေါ်သော်တာဦးမှပင် ခင်ပွန်းဖြစ်သူ သိန်းနိုင်ဦး (ခ) ဘာမီတွန် (၄၉) နှစ်၊ (ဘ) ဦးသိန်းဇအားသတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရားခံ၏ ခင်ပွန်းဖြစ်သူသည် နေ့စဉ် အရက်သေစာသောက်စားတတ်ကြောင်း၊အရက်မှုးလာလျှင် ဇနီးဖြစ်သူအားရမ်းကားခြင်း၊ အနိုင်ကျင့်ခြင်း၊ ရိုက်နှက်ခြင်း၊ ညဉ်းပမ်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာမတော်တရော်လုပ်ခိုင်းခြင်း၊ မလုပ်ပေးပါက နားရင်းရိုတ်ခြင်း၊ ဓါးဖြင့်သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း တို့ကိုနေ့စဉ်ပြုလုပ်နေသဖြင့် အကြိမ်ကြိမ်သည်းခံ ခွင့်လွှတ်ပေးခဲ့ကြောင်း၊ ၁၄.၁၂.၂၀၂၂ ရက်နေ့ညအချိန် ခင်ပွန်းဖြစ်သူနှင့် နေအိမ်အိပ်ခန်းအတွင်း အတူရှိနေစဉ် အရက်မှူးနေသော ခင်ပွန်းဖြစ်သူသည် လိင်ပိုင်းဆိုင်ရာကိစ္စအား မတော်တရော်ပြုလုပ်ခိုင်းပြီး နားရင်းအားရိုတ်ခဲ့သဖြင့် လွန်စွာနာကျင်ခဲ့ရပြီးနောက် သည်းခံပြီးပြုစုပေးခဲ့ရာ နာရီ ဝက်ခန့်အကြာ ခင်ပွန်းဖြစ်သူ အိပ်ပျော်သွားစဉ် အိပ်ယာအနီးတွင် အသင့်ရှိနေသော ဓားမြှောင်ဖြင့် လည်ပင်းအား တစ်ချက်၊ ဦးခေါင်းနောက်စေ့ ၂ ချက်၊ လည်ပင်းအထက်ဂုတ် ၁ ချက်၊ ယာဘက်နားဘေး ၁ ချက် လေးချက်ဆက်တိုက် ထိုးသွင်းသတ်ခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment