မြို့သစ်မြို့တွင် မြေအောက်ရေ အသုံးပြု၍ မာလကာပင်စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြို့သစ်မြို့တွင် မြေအောက်ရေ အသုံးပြု၍ မာလကာပင်စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

35

36


MNP  -   ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်မှ ဒေသခံတောင်သူအချို့သည် မြေအောက်ရေအသုံးပြု၍ တစ်ပိုင်တစ်နိုင် မာလကာပင် စိုက်ပျိုးကြပြီး မိသားစုအပိုဝင်ငွေ ရရှိကြောင်း ဒေသခံတောင်သူထံမှ သိရသည်။


“ကျွန်တော်တို့ စိုက်ပျိုးရေးတောင်သူတွေက မိမိဒေသရဲ့ ရာသီဥတုနှင့် ကိုက်ညီတဲ့ မာလကာပင်မျိုးကို ရွေးချယ်စိုက်ပျိုးကြတယ်၊ ကျွန်တော်စိုက်ပျိုးထားတဲ့ မာလကာသီးမျိုးက (၆)လ မာလကာမျိုးဆိုတော့ (၆) လပြည့်တာနဲ့ အသီးတင်ရင့်မှည့်ကာ စတင်ခူးဆွတ်၍ ရောင်းချရကြောင်း၊ လက်ရှိမာလကာသီး စျေးကတစ်လုံးကို (၄၀၀)ကျပ်မှ (၅၀၀)ကျပ် စျေးဝန်းကျင် ရောင်းရပြီး တစ်နေ့ပျှမ်းမျှဝင်ငွေ (၁၀၀၀၀)ကျပ် ရရှိပါတယ်”လို့ မာလကာပင် စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။


မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူများသည် မြေအောက်ရေများဖြင့် သီးနှံများကို နွေ၊မိုး၊ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြရာ မာလကာပင်များ စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း သိရသည်။                    


သန်းဝင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages