ဂွမြို့နယ်တွင် မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေသြဇာအိတ်ခွံအတွင်း အခြားဓာတ်မြေသြဇာများ ထည့်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေသြဇာအိတ်ခွံအတွင်း အခြားဓာတ်မြေသြဇာများ ထည့်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး




MNP - ဒီဇင်ဘာ    ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာအရောင်းဆိုင်များတွင် မြင်းပျံအမှတ်တံဆိပ်ဓာတ်မြေသြဇာအိတ်အခွံအတွင်း တခြားဓာတ်မြေသြဇာများ ထည့်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ခြင်းလုပ်ငန်းအား ဒီဇင်ဘာလ တတိယပတ်က ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဒေါ်မာမာလေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိဓာတ်မြေသြဇာအရောင်းဆိုင်များသို့ မြင်းပျံအမှတ်တံဆိပ်ဓာတ်မြေသြဇာ အိတ်ခွံအတွင်းအခြားဓာတ်မြေသြဇာများ ထည့်သွင်း၍ ဈေးကွက်အတွင်း ဖြန့်ဖြူးေရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဂွမြို့နယ်တွင် မြင်းပျံတံဆိပ် ဓာတ်မြေသြဇာများ ရောင်းချမှု မရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန  မြို့နယ်တာဝန်ခံထံမှ သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)