ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် ၂၀၂၂ ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် ၂၀၂၂ ဖွင့်ပွဲ ကျင်းပ


13

14

15

16


MNP -  ဒီဇင်ဘာ ၂၆      

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ပတ်ဝန်းကျင် ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေ လေ့လာခြင်းများကို ခရီးသွားများ ပိုမိုစိတ်ဝင်တစားလာရောက် လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုပ်ရှားမှု တစ်ရပ်အဖြစ်  ရည်ရွယ်ကာ  ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ပြင်ဦးလွင်  ကျေးလက်ဒေသ  စက်ဘီးစီးခရီးစဉ် ၂၀၂၂  ဖွင့်ပွဲကို ယမန်နေ့နံနက် (  ၀၇:၃၀  )နာရီက  ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် စက်ဘီးစီးဝါသနာရှင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ အဖွင့်အမှာစကား ပြောကြားပြီး နံနက်(၀၈း၀၀) နာရီအချိန်က စက်ဘီးစီးနင်းလိုက်ပါသူများကို ခရိုင်အားကစားကွင်းအတွင်းမှ စတင်တာလွတ်ပေးခဲ့သည်။


အဆိုပါ စက်ဘီးစီးအဖွဲ့သည် သတ်မှတ်လမ်းကြောင်းဖြစ်သည့် မန္တလေး - လားရှိုးလမ်းအတိုင်း စီးနင်းထွက်ခွာလာပြီး ပွဲကောက်ရေတံခွန်နေရာတွင် ပြန်လည်လူစုပြီး နားနေခြင်းများ အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း ၊ ပွဲကောက်ကျေးရွာမရောက်မှီ လမ်းဘေး ဝဲ/ယာရှိ စိုက်ခင်းများ ၊ ရှု့ခင်းများတွင် ဓါတ်ပုံရိုက်ကူးခြင်း ပြုလုပ်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း ဒီဇင်ဘာ ရေတံခွန်နှင့် အပန်းဖြေစခန်း ( ဒီဇင်ဘာခြံ) သို့ ဆက်လက်စီးနင်းထွက်ခွာခဲ့သည်။ 


အဆိုပါ  စီတန်း၍ ဝင်ရောက်လာသော စက်ဘီးစီးသမား (၃၀၀) ဦးကျော်အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမှတ် တရ လည်ဆွဲဆုတံဆိပ်များ နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages