ပုဗ္ဗသီရိမြို့နယ် အ-ထ-က (၂၀)တွင် ဆုရကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုပွဲနှင့် ရန်ပုံငွေ မတည်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ် အ-ထ-က (၂၀)တွင် ဆုရကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုပွဲနှင့် ရန်ပုံငွေ မတည်လှူဒါန်းပွဲ ကျင်းပ
















MNP ၊ ဒီဇင်ဘာ ၂၉

ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အ-ထ-က (၂၀)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ထူးချွန်ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုပွဲနှင့် ရန်ပုံငွေမတည်လှူဒါန်းပွဲ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ တို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားရာ အ-ထ-က (၂၀) မှ အောင်ချက် ရာခိုင်နှုန်းတိုးတက်မှုများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ အောင်ချက် မြင့်မားအောင် ဆောင်ရွက်ပေးခဲ့ကြသော ကျောင်းအုပ်ကြီးနှင့်တကွ သင်ကြားပေးကြသော ဆရာ/ ဆရာမများ ကြိုးစားခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ မှာ ကြိုးစားခဲ့ကြတဲ့အတွက် ထူးချွန်ကျောင်းသား/ ကျောင်းသားသူများ ပေါ်ထွက်လာခဲ့ပြီး နောင်အနာဂတ်မှာလည်း မိမိနိုင်ငံ၊ မိမိတို့အကျိုးအတွက် ကောင်းသထက် ကောင်းအောင် ပိုမိုပြည့်ဝတဲ့ အရည်အချင်းမျိုးနဲ့ ဆက်လက်ကြိုးစားသွားကြရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း ဖြင့် ပြောကြားသွားခဲ့သည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေမှ ပညာသည် လွန်စွာအရေးကြီးကြောင်း၊ တချို့သော နိုင်ငံရေးသမားများက မြန်မာနိုင်ငံက ပညာရေးကို နှိမ့်ချပြောဆို၍ ကလေးငယ်များကို ကျောင်းမတက်ရန် လှုံ့ဆော်ခြင်းကြောင့် GZ ဖြစ်သွားရသည့် ကလေးများအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဘွဲ့တစ်ခုရရန် အလွန် အရေးကြီးပါကြောင်း၊ ယခု ဝန်ကြီးဌာနများမှ အလုပ်ခေါ်ရာတွင် အခြေခံအားဖြင့် ဘွဲ့ရပြီးသူများကိုသာ ဦးစားပေးခေါ်သကဲ့သို့ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်ရတွင်လည်း မြန်မာပြည်မှ ဘွဲ့တစ်ခုရသူနှင့် ဘွဲ့မရဘဲ သွားသူ အလုပ်အတူတူ ယှဉ်လုပ်လျှင် ဘွဲ့ရသူက လစာပိုမိုရရှိပါကြောင်း၊ ထူးချွန်ကျောင်းသား/ကျောင်းသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ဖြင့် ပြောကြားသွားသည်။


အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ၊ ခရိုင်ရဲမှူးကြီး ဦးမောင်မောင်ဦး၊ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်လှိုင် တို့မှ ဆုရကျောင်းသား/ကျောင်းသူများ၊ ဆရာမများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး အ-ထ-က (၂၀) ကျောင်းရန်ပုံငွေပဒေသာပင်အဖြစ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ (၆၂၉၀၀၀၀) နှင့် ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ အလှူငွေ (၃၄၁၀၀၀၀) လှူဒါန်းပေးအပ်ခဲ့ကြသည်။


ကျောင်းရန်ပုံငွေ ပဒေသာပင် တိုးပွားအောင် ဆောင်ရွက်ခဲ့ပုံနှင့် ပတ်သက်၍ တပ်ကုန်းမြို့နယ်မှ ဦးစုက ဆွေးနွေးတင်ပြရာ ကျောင်းကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၅၅နှစ် ရှိပြီဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ ဆရာ/ဆရာမ များအတွက် ကူညီထောက်ပံ့ပေးရန် လိုအပ်ချက်များ ရှိနေခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီမှ ၂၀၀၈ ခုနှစ်က သိန်း ၁၀၀ ကူညီပံ့ပိုးပေးခဲ့ရာ အရင်းမပျောက် တိုးပွားအောင် ဆောင်ရွက်ခဲ့သည်မှာ သိန်းပေါင်း ၁၆၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ လိုအပ်သည့် ဆရာ/ဆရာမများကို ၂သိန်း၊ ၃သိန်း၊ ၅သိန်း စသဖြင့် ထုတ်ချေးပေးနိုင်ပြီး ထူးချွန်ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဆက်တက်နိုင်ရန်လည်း ကူညီထောက်ပံ့မှုများကို ရန်ပုံငွေပဒေသာပင်က ထောက်ပံ့ပေးနိုင်နေပြီဖြစ်ကြောင်း၊ ကျောင်းကော်မတီအနေဖြင့် ရန်ပုံငွေပဒေသာပင်ကို စနစ်တကျ တိုးပွားအောင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေး တင်ပြသွားခဲ့သည်။


ထူးချွန်ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူလေးများက  ၃၈ဖြာမင်္ဂလာ၊ အသီးတစ်ရာအညှာတစ်ခု၊ နားပန်းစံ၊ ဦးရွှေရိုး နှင့် ဒေါ်မိုး တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)