မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာ၌ ရေလုပ်သားများအား မြစိမ်းရောင်(ငါးကဏ္ဍ)အရင်းမပျောက်မတည်ရန်ပုံငွေပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာ၌ ရေလုပ်သားများအား မြစိမ်းရောင်(ငါးကဏ္ဍ)အရင်းမပျောက်မတည်ရန်ပုံငွေပေးအပ်ပွဲကျင်းပ


MNP ၊ ဒီဇင်ဘာ ၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြစိမ်းရောင်(ငါးကဏ္ဍ) အရင်းမပျောက် မတည်ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မျှော်တော်ဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ပြုလုပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ကျေးလက်နေ ပြည်သူများအား စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကုန်ထုတ်လုပ်မှုမြင့်မားလာစေရန်၊အခြားအသက်မွေးဝမ်းကျောင်းအပြင် လုပ်ငန်းများပိုမို လုပ်ကိုင်နိုင်ပြီး ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးဦးကြည်ဝင်းက(၆)ကြိမ်မြောက် မြစိမ်းရောင်(ငါးကဏ္ဍ)အရင်းမပျောက်မတည်ရန်ပုံငွေကျပ်(၄၆•၃၈)သန်းကိုရေလုပ်သားများအား ပေးအပ်ခဲ့သည်။

အဆိုပါအရင်းမပျောက်မတည်ရန်ပုံငွေပေးအပ်ပွဲသို့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးကြည်ဝင်းနှင့်ဌာနဆိုင်ရာများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်မြစိမ်းရောင်(ငါးကဏ္ဍ)ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ရေလုပ်သားများတက်ရောက်ခဲ့ကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)