တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၂)အား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၂)အား ကျင်းပ



MNP  -   ဒီဇင်ဘာ ၂၅

တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၂)အား ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်း (ပဲတီစိမ်း)  တောင်သူများအတွက် လိုအပ်သည့်   သွင်းအားစုများ အား တောင်သူလက်ဝယ်အရောက် အမြန်ဆုံးဖြန့်ခွဲ ပေးရန်နှင့် နွေစပါး စိုက်တောင်သူများ အတွက်လည်း အချိန်နှင့် တစ်ပြေးညီ သွင်းအားစုများ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်စီမံ    ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပင်လယ်ရေငန် ဝင်ရောက်သည့် သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ဆားငန်ဒဏ်ခံစပါးမျိုးများ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် လျာထား စိုက်ဧကများ ကျော်လွန်စိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိရေး မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေနှင့် အခြားသွင်းအားစုများ ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းရှင်များအတွက် ထုပ်ပိုးမှုစနစ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့် Packing Machine များ ဝယ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ငှက်ပျောပင် စိုက်ပျိုးသည့် ဒေသများတွင် ငှက်ပျောပင်မှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး သင်တန်းများ၊ အသိ ပညာပေးခြင်းများ ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး တည်ဆောက်ပေးခဲ့သည့် ပန်းခြံများ၊ ရင်ပြင်များနှင့် Public Area များ အစဉ်သန့်ရှင်း သပ်ရပ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း တစ်ခုချင်း အလိုက် သက်ဆိုင်ရာ(QC)များက စနစ်တကျ ကွင်းဆင်းစိစစ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားမှာ ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ကျောင်းပြင်ပ) ဖြေဆိုသူများ အတွက် မြို့နယ်အလိုက် ကျောင်းချိန်ပြင်ပ ပညာသင်ကြားရေး ဆောင်ရွက်နေမှု အခြေ အနေများအား ရပ်ကွက်/ ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး နှိုးဆော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရုံးစာစနစ်များ လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန်သွားရန်နှင့် အဝေးပြေး လမ်းမကြီးဘေး ဝဲ/ယာတွင် သတ်မှတ် အကွာအဝေး အတိုင်း အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် ပြောကြားခဲ့သည်။


ထို့နောက် အစိုးရအဖွဲ့တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ရေးအတွက် သင်တန်းပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ရသင့်ရထိုက်သည့် အခွန်ရငွေများ ကောက်ခံ နေမှုနှင့်  လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား      အသီးသီး တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)