အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ


MNP  -  ဒီဇင်ဘာ ၂၉

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၂) အစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။


အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ ဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။


ဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်အညီ ရန်ပုံငွေတစ်ရပ် တည်ထောင်နိုင်ရေး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အ‌သေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး ရန်ပုံငွေကို ဥပဒေနှင့်အညီ နိုင်ငံတော်၏ထောက်ပံ့ငွေ၊ ပြည်တွင်းပြည်ပငွေကြေးအဖွဲ့အစည်းများမှ အကူအညီရရှိငွေ၊ အလှူရှင်များက လှူဒါန်းငွေ၊ မိမိ ဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ဆောင်ခရရှိငွေတို့နှင့် ထူထောင်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါရန်ပုံငွေ ထူထောင်နိုင်ရန် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ငွေကျပ် ဘီလီယံ ၁၇၀ ကို လျာထားခွင့်ပြုခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်လည်း ရရှိပြီးဖြစ်၍ ရန်ပုံငွေသို့ထည့်ဝင်ရန် အဆင်သင့်ရှိနေပြီ ဖြစ်ပါကြောင်း၊ ရန်ပုံငွေအား အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့်ချေးငွေများ ထုတ်ချေးရေးအတွက် ဦးစားပေးသုံးစွဲမည်ဖြစ်ပြီး MSME ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များကိုလည်း သုံးစွဲနိုင်ပါကြောင်း အစည်းအဝေးသို့ တက်ရောက်လာကြ သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဝင်များအနေဖြင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် SME ဥပဒေ ပုဒ်မ ၂၀ ပါ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်း တာဝန်များကို အခြေခံ၍ ပြင်ဆင်ထားရှိရန် လိုအပ်ချက်များ၊ ပူးပေါင်းဆောင်ရွက်ကြရမည့်ကိစ္စများ၊ ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အထောက်အကူပြုလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည့် အစီအစဉ် (မူကြမ်း)နှင့် ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြလာသည့် ရန်ပုံငွေဆိုင်ရာ အဆိုပြုအမှာစာ ခြောက်စောင်တို့ကို အတည်ပြုနိုင်ရေးအတွက် ရှင်းလင်းတင်ပြမှုအပေါ် အစည်းအဝေး တက်ရောက်သူများက ဝိုင်းဝန်း ဆွေးနွေးဆုံးဖြတ်ကြသည်။


MSME ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို SME ဥပဒေနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့တို့နှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)