မြဝတီမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြဝတီမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ


20

21

22

MNP   -  ဒီဇင်ဘာ ၂၂

ကရင်တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနေ့ နှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်အမျိုးသားထာဝရ နှစ်သစ်ကူးကွင်းတွင် ယမန်နေ့ နံနက် ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ သဘာပတိ မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းနာယက ဦးမန်းစောကြည်ဝင်းက အဖွင့်မိန့်ခွန်းပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ဖတ်ကြားသည်။


ထို့နောက် ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံစာတမ်းကို ပိုးကရင်ဘာသာဖြင့် နန်းအကျားစေအွာနှင့် စကောကရင်ဘာသာဖြင့် နော်ခရစ္စတီးနားတို့က ဖတ်ကြားသည်။


ယင်းနောက် မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးစောသိန်းအောင်မြင့်က မြဝတီခရိုင်ဒုံးအဖွဲ့အနေဖြင့် ပြည်နယ်တွင် သွားရောက်ယှဉ်ပြိုင်နိုင်ရေး အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။


ဆက်လက်ပြီး ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနေ့ နှစ်သစ်ကူးပွဲတော်ကျင်းပရေးဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကရင်ရိုးရာကောက်သစ်စားပွဲတော်ကို ပျှော်ရွှင်စွာဖြင့် ကျင်းပသည်။ အလားတူ ကရင်အမျိုးသားနေ့ နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲ၊ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


ထိန်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages