ကဝမြို့နယ် ကျေးရွာဒေသများတွင် သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေများရရှိရေး သင်တန်းများပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဝမြို့နယ် ကျေးရွာဒေသများတွင် သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေများရရှိရေး သင်တန်းများပို့ချ



MNP  - ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သက်မွေးဝမ်းကျောင်းပညာများ ဒေသတွင်းကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့နံနက်(၁၀)နာရီက အုန်းနှဲစံပြကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစန်းမြင့် နေအိမ်၌ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေတိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းတို့ ပူးပေါင်း၍ သက်မွေးဝမ်းကျောင်း သင်တန်းများကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။


အဆိုပါကျေးရွာဒေသခံတောင်သူများအားပို့ချသည့် သက်မွေးဝမ်းကျောင်းသင်တန်းတွင် ပညာရပ်(၅)မျိုးဖြစ်သည့် သဘာဝမြေသြဇာပြုလုပ်နည်း၊ EM ဘိုကာချီပြုလုပ်နည်း၊ ငါးအမိုင်နိုပြုလုပ်နည်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စုပေါင်းစီမံခန့်ခွဲမှုသင်တန်း၊ ကောက်ရိုးမှိုနှင့် ဗေဒါမှိုစိုက်ပျိုးနည်းသင်တန်းတို့ကို တိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်သူဇာခိုင်နှင့် တာဝန်ရှိသူများက လက်တွေ့သရုပ်ပြပို့ချပေးခြင်းနှင့် ဒေသအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)