ပုဏ္ဏားကျွန်းမြို့ မြို့မဈေး၌ ဓာတ်မြေဩဇာ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ မြို့မဈေး၌ ဓာတ်မြေဩဇာ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး





MNP ၊ ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေး၌ စိုက်ပျိုးရေးဦးစီးဌာနနှင့်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်းကာ စိုက်ပျိုးရေးသီးနှံများအထွက်တိုးနှုန်းကို နှေးကွေးစေသည့် မြင်းပျံ အမှတ်တံဆိပ် ဓာတ်မြေဩဇာကို အခြားဓာတ်မြေဩဇာများနှင့်ရောနှောကာ ရောင်းချနေမှု ရှိ/မရှိ ကို ယမန်နေ့က  ဓာတ်မြဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးနှင့်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းတို့က မြို့မဈေးအတွင်း ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ သွားရောက်၍ မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာအိတ်များတွင် အခြားဓာတ်မြေဩဇာများထည့်သွင်း၍ ဖြန့်ချီရောင်းချမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြရာ မြင်းပျံအမှတ်တံဆိပ်ဓာတ်မြေဩဇာ ဖြန့်ချီရောင်းချ နေသည့်ဆိုင်(လုံးဝ)မရှိကြောင်း စီစစ်တွေ့ရှိရသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။  


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)