သံတွဲမြို့၌ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ





MNP  -   ဒီဇင်ဘာ ၃၁

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅း၃၀နာရီက သံတွဲမြို့ ဒွါရာဝတီတံတားဦးမှစတင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ကျောင်းသားသူများနှင့် ‌ဒေသခံပြည်သူများစုစုပေါင်း ၂၅၄ ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာပါဝင်ဆင်နွဲ့ခဲ့ကြသည်။


အဆိုပါဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလူထုလမ်းလျှောက်ပွဲပါဝင် ဆင်နွှဲသူများသည် ဒွါရာဝတီတံတားဦးမှစတင်၍ သံတွဲ-တောင်ကုတ်ကားလမ်းမကြီး မြို့အထွက် ကြံတိုင်းအောင်ဆီဆိုင်ရှေ့ ထိုမှတဆင့်  မြို့မအားကစားကွင်းသို့ ပျော်ပျော်ပါးပါးလမ်းလျှောက်ကြပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲအမှတ်(၁)၊(၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)