ဂွမြို့တွင် ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)အမှတ်(၂၃)ပါ" နတ်တော်လနှင့် စာဆိုတို့၏ စွမ်းရည်" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)အမှတ်(၂၃)ပါ" နတ်တော်လနှင့် စာဆိုတို့၏ စွမ်းရည်" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP  -  ဒီဇင်ဘာ   ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို​ဌာန Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် ယနေ့ နေ့လည်ပိုင်းက ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)အမှတ်(၂၃ )ပါ"နတ်တော်လနှင့် စာဆိုတို့၏စွမ်းရည်" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက လူငယ်များအနေဖြင့် စာပေကို လေးစားမြတ်နိုး တန်ဖိုးထားတတ်လာစေရန်၊ အသိပညာ၊ စာပေဗဟုသုတများရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ပြီး လိမ္မာယဥ်ကျေးသည့် သားကောင်းသမီးကောင်းများ ဖြစ်လာနိုင်စေရန် ရည်ရွယ်၍  ယခုလို  စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့် မသင်းသုသုဟန်၊ မချမ်းမြေ့သူ၊ မဖူးဖူးချယ်ရီ၊ မောင်ဥက္ကာမြင့်မြတ်၊ မောင်ခန့်ထက်ကျော်တို့က  ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉) အမှတ်(၂၃ )ပါ အယ်ဒီတာ့အာဘော်မှ"နတ်တော်လနှင့် စာဆိုတို့၏စွမ်းရည် " ဆောင်းပါးအား  ဖတ်ကြားဆွေးနွေးခဲ့ကြပြီး   ဖတ်ကြားဆွေးနွေးချက်များအပေါ်  ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)