အမ်းမြို့နယ် မူလတန်းကြိုကျောင်း၌ အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် မူလတန်းကြိုကျောင်း၌ အားကစားပြိုင်ပွဲများကျင်းပ



MNP  -  ဒီဇင်ဘာ၂၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ် အမှတ်(၃) စျေးရပ် ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမ်းမူလတန်းကြိုကျောင်းမှ  မူကြိုကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်တိုးတက်မြင့်မားရေး ဒီဇင်ဘာလ ကျောင်းတွင်းအားက စားပြိုင်ပွဲများကို အ မှတ်(၃)စျေးရပ်ကွက် အားကစားကွင်းတွင်ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြု လုပ်ခဲ့သည်။


အခမ်းအနားအား အမ်းမူလတန်းကြိုကျောင်းမှ  မူကြိုကလေးငယ်များက အာရှမြန်မာ သီချင်းးဖြင့် သီဆိုကပြဖွင့်လှစ်ပေးခဲ့ကြသည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်က ကလေးသူငယ်များတွင် အသက်ရှင်သန်ခွင့်၊ ဖွံဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် အခွင့်အရေး(၄)ရပ်ရှိပါကြောင်း၊ကလေး သူငယ်များနှင့်ပတ် သက်၍ လူမှုဝန်ထမ်းဦးစီးဌာနအပြင် အ ခြားဌာနအဖွဲ့အစည်းများကလည်း အလေး ထား၍ အဓိကဆောင် ရွက်လာတာကို တွေ့ရှိရပါကြောင်း၊ အနာဂ တ်တွင်လင်းလတ်မည့် ကြယ်ပွင့်များဖြစ်သည့်အတွက် ယခုမှုကြိုအရွယ်ကလေးငယ်ကတည်းကပင် ဖွံဖြိုးမှု(၅)ရပ်နှင့် ပြည့်စုံပြီး ဘဝတစ်သက်တာ အလေ့အကျင့်ကောင်းများကိုရရှိစေရန် ပြုစုပျိုးထောင်ပေးသော မှုကြိုကျောင်းများ ပေါ် ပေါက်လာသည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ ကျန်း မာသန်စွမ်းပြီး ထူးချွန်ထက်မြတ်သော နိုင်ငံ့သားသမီရတနာများဖြစ်ပေါ်လာစေရန် ယခုမှုကြိုကလေးငယ်အရွယ်မှစ၍ ဆရာ/ဆရာမများနှင့် မိဘများ၏ ပံပိုးကူညီမှု ပတ်ဝန်းကျင်များပါ ပူးပေါင်းဆောင် ရွက်ကြရန် အဖွင့်အမှာစကားပြောကြား

ခဲ့သည်။


ထို့နောက် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး က ကာယစွမ်းရည်ပြိုင်ပွဲများပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်ကလေးငယ်များအား လုံး တန်းတူညီမျှစွာပါဝင်ဆောင်ရွက်ခွင့်ရှိပါမှ ဖွံဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာမှာဖြစ်ကြောင်း၊ အသက် အရွယ်အလိုက် ပညာ ရေးနှင့် အားကစား မှာ ထူးချွန်ထက်မြက် သော ကလေးငယ်များဖြစ်ပေါ်လာစေရန် ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍အားကစားပြိုင်ပွဲများကျင်းပရာ မူကြိုကလေးငယ်များကကွမ်းသီးကောက်ပြိုင်ပွဲ၊ခေါင်းအုံးရွက်ပြိုင်ကြိုးသီပြိုင်ပွဲ၊ဗူးဆင့် ပြိုင်ပွဲ၊ အရုပ်ထောင်ပြိုင်ပွဲနှင့်အပြေးပြိုင် ပွဲစသည့် ကာယစွမ်းရည်ပြိုင်ပွဲ တို့ကို ပွဲစဉ်အလိုက် ကလေးငယ်များက တပျော် တပါးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မိဘအုပ်ထိန်း သူများနှင့် ဆရာ/ဆရာမများက ကြည့်ရှုအားပေးကြသည်။


အားကစားပြိုင်ပွဲများအသီးသီးမှ ဆုရကလေးငယ်များနှင့် ပြိုင်ပွဲဝင်ကလေးများအားလုံးကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်၊မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာ ရှိ ဦးသန်းထွန်းဦး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီး ရေးရာနှင့်မိခင်လေးစောင့်ရှောက်ရေးအ သင်း ဥက္ကဌနှင့် အဖွဲ့ဝင်များက ဆုများအ သီးသီးပေး အပ်ခဲ့၍ အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)