ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှု ကာကွယ်ရေး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေထိန်းနံရံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှု ကာကွယ်ရေး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေထိန်းနံရံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး




MNP  -   ဒီဇင်ဘာ ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နှစ်စဉ်မိုးရာသီတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုများပြားသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့၏ဧရာဝတီမြစ်ရိုးတစ်လျှောက် ရပ်ကွက်များအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မြေထိန်းနံရံတည် ဆောက်ခြင်းလုပ်ငန်းစီမံကိန်းကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ရှေးဦးစွာ မြေထိန်းနံရံတည်ဆောက်ခြင်းစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍  ရှင်းလင်းဆောင်၌ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၉)နှင့် နယ်မြေ (၁၀)အတွင်း ဧရာဝတီမြစ်ရေတိုက် စားခြင်းမှ ကာကွယ်ရန်အတွက် စုစုပေါင်း အရှည်ပေ (၃၁၈၈)ပေကို အပိုင်း (၂)ပိုင်းဖြင့် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က လိုအပ်သည်များကို ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစိစစ်ရေးအဖွဲ့ဝင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် အပိုင်း(၁)နှင့် အပိုင်း(၂)မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း မြေသား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် Pine ရိုက်သွင်းစိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နှစ်စဉ်မိုးရာသီတွင် ပြည်သူများရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်လုပ်ငန်းစီမံကိန်းဖြစ်သည့်အတွက် လုပ်ငန်းအရည်အသွေးပြည့်မီစွာ ဆောင်ရွက်သွားရေး၊ မြေပြင်အခြေအနေကို စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ရပ်ကွက်နေပြည်သူများအား စည်းရုံးဆောင်ရွက်သွားရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ဈေး (၁)နှင့် (၂) ဈေးသူဈေးသားများ၏ ခရစ္စမတ်ပွဲတော်သို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အေးမြသာယာမျက်မမြင်ကျောင်းအတွက် ဆန် (၂၆) အိတ်၊ ဆီပိဿာ (၅၀)၊ ငွေကျပ် (၂)သိန်းကိုလည်းကောင်း၊ ဈေးမီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးသတ်ဝတ်စုံများနှင့် အနွေးထည်အင်္ကျီများ၊ ဈေးညစောင့် ၂၈ ဦးတို့အတွက် ဆန်အိတ်(၂၈)အိတ်၊ ဆီ (၂၈)ပိဿာ၊ ခြုံစောင်နှင့် အနွေးထည်အင်္ကျီများကိုလည်းကောင်း၊ သန့်ရှင်းရေးဝန်ထမ်းများနှင့် ဈေးဌာနစိတ်ဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် အနွေးထည်အင်္ကျီများကိုလည်းကောင်း၊ ငွေကျပ် ၆၈ သိန်းကျော်တန်ဖိုးရှိ အိမ် ထောင်စုသုံးပစ္စည်းများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။


အလားတူ ပြည်နယ်ဝန်ကြီးများသည် နံနက်ပိုင်းတွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများစုပေါင်း၍ မြစ်ကြီးနားမြို့ခေမာသီရိရပ်ကွက် ရွှေတိဂုံပုံတူ စေတီတော်ဝင်းအတွင်းနှင့် ရွှေညောင်ပင်ရပ်ကွက် အမှတ် (၁၃)အခြေခံပညာအထက်တန်းကျောင်း ဝင်းနှင့် ကျောင်းပြင်ပတို့တွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေမြောင်းများဆယ်ယူ ခြင်း၊ အမှိုက်များကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)