ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းပြုလုပ်




MNP ၊  ဒီဇင်ဘာ  ၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  နှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး စာပေ စကားဝိုင်းကို ဒီဇင်ဘာ(၈) ရက် နေ့လယ်(၁)နာရီက ပေါင်မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းရွှေရတု ခန်းမ ၌ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အထက ပေါင်ကျောင်းအုပ်ကြီး ဦးချစ်ထွေး က အမှာ စကား ပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြားပေး သည့်  ပညာရပ်များ အပြင် စာအုပ်၊စာပေ လေ့လာခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး ၊ မိမိပတ်ဝန်း ကျင် အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာ မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။


ဆက်လက်၍ (အထက) ပေါင် မှ ကျောင်းသား မောင်လင်းထက်မင်း၊မောင်အောင်ခန့်မောင်မောင်၊ကျောင်းသူ မိအိချောသွယ်၊မိဇွန်ပန်းဖြူတို့က ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာပေရေးရာ အသိပညာများ အားဆွေးနွေးကြရာ တက်ရောက်လာကြသောကျောင်းသားကျောင်း သူများက သိလိုသည်များကိုမေးမြန်း ဆွေးနွေး ရာ စာပေဝါသနာရှင်များမှ ပြန်လည် ဖြေကြား  ခဲ့ပြီးဆရာမဒေါ်မိလေးလေးခိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။


အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးစာပေ စကားဝိုင်း ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ အထက-‌ပေါင်ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူများစုစုပေါင်းအင်အား(၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)