နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ပေးအပ်


64


MNP  -   ဒီဇင်ဘာ ၂၂

နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်လိုအပ်သော သွင်းအားစု (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာ) ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ အုတ်စီကုန်းကျေးရွာ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒေသခံဆောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအချိုးကျထည့်သွင်း စိုက်ပျိုးနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊  လာမည့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဧက ၁ သိန်းအား ပိုက်ဆံလျှော်ထည့်သွင်း စိုက်ပျိုးမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ရေတော် မိုးတော် မိုးစပါးစိုက်ဧက ၂၇ သိန်းအား အပြည့်အဝထည့်သွင်း စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပြီး ဓာတ်မြေသြဇာထည့်သွင်းသုံးစွဲမှုအား လျော့ကျစေမှာဖြစ်ပါကြောင်း၊ တောင်သူများ အနေဖြင့်လည်း ရရှိသည့် သွင်းအားစုပမာဏနှင့်ညီမျှသည့် အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရန်လည်းလိုပါကြောင်း” ပြောကြားသည်။


ဆက်လက်၍ ဝယ်ယူ၊ကြိတ်ခွဲ၊ တင်ပို့သူ အစုအဖွဲ့ခေါင်းဆောင် ဧရာပုသိမ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သွင်းအားစု ပစ္စည်းများအား တောင်သူများထံသို့ပေးအပ်သည်။ ထို့နောက် တောင်သူလယ်သမားများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်သူများနှင့် စာချုပ်ချုပ်ဆိုမှုများနှင့်၊ ဧရာပုသိမ် မျိုးသန့်စပါးနှင့် စိုက်ပျိုးရေးပစ္စည်းများ ပြသထားမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။ ပုသိမ်မြို့နယ်တွင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကျေးရွာ ၄၃ ရွာရှိ၊  တောင်သူ ၁၁၇ ဦး၊ လယ်မြေ ၁၉၉၆ဧကအတွက်  သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages