တစ်နှစ်လျှင် သုံးသီး စိုက်ပျိုးနိုင်မည့် သီးထပ်သီးနှံများ ရေဆင်းတွင်း စမ်းသပ်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်နှစ်လျှင် သုံးသီး စိုက်ပျိုးနိုင်မည့် သီးထပ်သီးနှံများ ရေဆင်းတွင်း စမ်းသပ်စိုက်ပျိုး


MNP ၊ ဒီဇင်ဘာ ၂၁

စိုက်ပျိုးရေးသုသေန ရေဆင်း၌ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်မည့် သီးထပ်သီးနှံများ စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


သီးထပ်သီးနှံ စမ်းသပ်စံပြစိုက်ပျိုးပြသခြင်းစီမံချက်အား ဆည်ရေသောက်ဒေသများအတွက် အကျိုးအမြတ်အများဆုံး ရရှိစေမည့် သုံးသီးစားလယ်ယာနှင့် သီးထပ်သီးနှံပုံစံအတွဲများအား တောင်သူများ လိုက်နာကျင့်သုံးခြင်းအားဖြင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပြီး စီမံချက်တွင် စပါး - နေကြာ - ပဲပုပ်၊ စပါး တစ်မိုးနှစ်သီး - သစ်စိမ်း - ပဲတီစိမ်း၊ စပါး - အစေ့ထုတ်ပြောင်း - ဟင်းသီးဟင်းရွက်၊ စပါး - မြေပဲ - ပဲတီစိမ်း၊ စပါး - စပါးလမိုင်း - ကြက်သွန်နီ၊ စပါး - မတ်ပဲ - နှမ်း၊ စပါးလမိုင်း - စပါးလမိုင်း - စပါး၊ စပါး - ဖူးစားပြောင်း - စပါး၊ စပါး - ကုလားပဲ - စပါး၊ ပဲပုပ် - ဆီမုန်ညင်း - ဝါ စသည့် သီးနှံပုံစံ ၁၀ မျိုးကို ထည့်သွင်း သရုပ်ပြ၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိရာသီတွင် နေကြာ၊ သစ်စိမ်း၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ ကြက်သွန်နီ၊ မတ်ပဲ၊ စပါးလမိုင်း၊ ဖူးစားပြောင်း၊ ကုလားပဲ၊ ဆီမုန်ညင်း သီးနှံတို့ကို သရုပ်ပြစိုက်ပျိုးထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)