MNP - ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ကင်းတော်ကျေးရွာအုပ်စု မင်းထက်ဉီးရော်ဘာခြံတွင် ခန္တီးခရိုင် စိုက်ပျိုးရေးဉီးစီးမှူးရုံးနှင့် မြို့နယ်ဉီးစီးမှူးရုံးတို့မှပူးပေါင်း၍ ခန္တီးဒေသရှိ ရော်ဘာစိုက်တောင်သူများအနေဖြင့် ရော်ဘာခြံပြုစုစောင့်ရှောက်နည်း နည်းစနစ်များမှန်ကန်စေရန်၊ စိတ်ပါဝင်စားသော ဒေသခံတောင်သူများအနေဖြင့်လည်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအဆင့်ဆင့်ကို သိရှိလေ့လာနိုင်စေရန်၊ ခန္တီးခရိုင်အတွင်းတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရော်ဘာအစေးခြစ်ခြင်း၊ ရော်ဘာခြံမီးတားလမ်းဆောင်ရွက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် ရော်ဘာသီးနှံ ဆိုင်ရာ သိကောင်းစရာများ တောင်သူပညာပေးဆွေးနွေးပွဲ/သင်တန်းကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ရော်ဘာအစေးခြစ်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ရာတွင် ခန္တီးခရိုင်စိုက်ပျိုးရေးဉီးစီးမှူး ဉီးနိုင်မော်လွင်က ရော်ဘာအစေးခြစ်ခြင်းနှင့် ရော်ဘာပြားထုတ်လုပ်မှုအဆင့်ဆင့်တွင် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များကိုပြောကြားကာ လက်တွေ့ပြသခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး ဒေါ်စုစုခိုင်နှင့် ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဉီးမင်းမင်းဇော်တို့မှ ရော်ဘာခြံများတွင် မီးဘေးအန္တရာယ်အရေးကြီးပုံ၊ မီးတားလမ်း၊ မီးဖြတ်လမ်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရော်ဘာသီးနှံဆိုင်ရာသိကောင်းစရာများ တောင်သူပညာပေး ဆွေးနွေးပွဲ/ သင်တန်းပြုလုပ်ရာ ခရိုင်မျိုးစေ့တာဝန်ခံ ဉီးဝင်းကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ဒေသနှင့် ကိုက်ညီသောမျိုးများအကြောင်းနှင့် ရော်ဘာမျိုးစေ့ရယူပုံနည်းစနစ်များကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံးမှ ဒုတိယဉီးစီးမှူးဒေါ်ခိုင်ယဉ်စိုးက ရော်ဘာပင်တွင်ကျရောက်တတ်သောပိုးမွှားများကိုလည်း ကောင်း၊ မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူးရုံးမှ ဒုတိယဉီးစီးမှူးဉီးထွန်းဝေက ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးဆွေးနွေးခြင်းကိုလည်းကောင်း အသီးသီးရှင်းလင်းပို့ချခဲ့ကြပြီး ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဉီးမင်းမင်းဇော်နှင့် ခရိုင်မျိုးစေ့တာဝန်ခံ ဉီးဝင်းကျော်ထွန်းတို့က တက်ရောက်လာသောဒေသခံတောင်သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment