သရက်ချောင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကျင်းပ




MNP  -  ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/​၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မီးသတ် ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အရန် မီးသတ်တပ်ဖွဲ့ဝင် များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၂)သို့ တက်ရောက်ခဲ့သော သင်တန်းသားများအား ကျေးဇူးတင်စကား ပြောကြားခြင်း၊ သင်တန်းသားများအနေဖြင့် အရန် မီးသတ်တပ်ဖွဲ့ဝင်သင်တန်းမှ သင်ကြားခဲ့သော စာတွေ့၊ လက်တွေ့ ပညာရပ်များကို မိမိတိုင်း၊ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်က သင်တန်းသားများအား စိတ်ဓာတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည်မြင့်မားလာအောင် လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ ၏ ရည်မှန်းချက်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရှာဖွယ် ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအား စွန့်စွန့်စားစား၊ စွမ်းစွမ်းတမံ ဆောင်ရွက်ကြ စေလိုကြောင်း စသည်ဖြင့် လိုအပ်သည်ကို ပြောကြားခဲ့ကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သားကြီး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)