ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ

 


MNP - ဒီဇင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်နေပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အင်းယင်းကျေးရွာအုပ်စု၊ အင်းယင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းမှ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်မှ နိုင်ငံရေးစစ်ကြောင်းများနှင့် ပတ်သက်၍ တပ်မတော်မှ လက်ရှိဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှ ရွေးကောက်ပွဲ ကျင်းပရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမြင့်ဌေးမှ ခိုးဆိုးလု နှိုက်နှင့် နယ်မြေအေးချမ်းရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ကျေးလက်နေပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီး၊ ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်စေရေးနှင့် စိုက်ပျိုးရေရရှိရေး အစရှိသည်များကို တင်ပြဆွေးနွေးခဲ့ရာ ဆက်ဆိုင်ရာဌာနများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးလူထုတွေ့ဆုံပွဲသို့  ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးလက်နေပြည်သူများ (၈၀)ဦးတို့ တက်ရောက်ခဲ့ကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အသက်(၁၆)နှစ် အထက်ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် မွေးတိုးစာရင်းများ ပြုလုပ်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆)လ အထက်ရှိသူ(၂၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - ဌေးလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)