ပခုက္ကူမြို့၌ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့်လက်ရက်ကန်းခြောက်လ သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၌ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့်လက်ရက်ကန်းခြောက်လ သင်တန်းဆင်းပွဲကျင်းပ






MNP  -  ဒီဇင်ဘာ ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူတစ်နှစ်သင်တန်းနှင့် လက်ရက်ကန်းခြောက်လ (ဒုတိယအကြိမ်) သင်တန်းဆင်းပွဲကို ယနေ့ နံနက်၈နာရီခွဲ အချိန်က ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာအတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ တိုင်းရင်းသားရိုးရာအထည်များနှင့် ရက်ကန်းအတတ်ပညာများ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ရက်ကန်းအတတ်ပညာရပ်များဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး ကိုယ်ပိုင်လုပ်ငန်းငယ်များ ဖန်တီးထူထောင်လုပ်ကိုင်နိုင်စေရန်၊ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေး နှင့်ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေး၊ ရက်ကန်းဆိုင်ရာသုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြှင့်မားလာစေ‌ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက လက်ရက်ကန်းစင်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ဝါဝါမြင့်က ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းထူးချွန်ဆုအားလည်းကောင်း၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ကျောင်းအုပ်ကြီး ဒေါ်သန္တာယုကလက်ရက်ကန်းခြောက်လ(ဒုတိယအကြိမ်)သင်တန်းထူးချွန်ဆုအားလည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ကြရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူမခိုင်ဇင်မိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းကာလအတွင်း သင်တန်းသား၊ သင်တန်းသူများ ကိုယ်တိုင်လက်တွေ့ဖန်တီးချုပ်လုပ်ထားသည့်အဝတ်အထည်များ၊ လက်ရက်ကန်းစင်များကို လိုက်လံကြည့်ရှုအားပေးကြသည်။


ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူတစ်နှစ်သင်တန်းကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ၁ရက်မှ ဒီဇင်ဘာလ၃၀ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား၊ သင်တန်းသူ(၁၄)ဦး တက်ရောက်ခဲ့ကြောင်း၊ လက်ရက်ကန်းခြောက်လ (ဒုတိယအကြိမ်) သင်တန်းကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ၁ရက်မှ ဒီဇင်ဘာလ၃၀ရက်အထိဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား၊ သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ကြောင်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူတစ်နှစ်သင်တန်းကာလအတွင်း လက်ရက်ကန်း၊ တိုင်းရင်းသား ရိုးရာဂျပ်ခုတ်နှင့်စာစည်းကြိုး၊ စက်ရက်ကန်းနည်းပညာ၊ အထည်ဒီဇိုင်း၊ အထည်ခွဲစိတ်လေ့လာခြင်း၊ အဖြူချွတ်ဆေးဆိုး၊ ချည်မျှင်ထုတ်လုပ်မှုနည်းပညာ၊ အထည်အလိပ်လုပ်ငန်းသုံးအမျှင်၊ အခြေခံစက်ချုပ်၊ မော်တာအပ်ချုပ်စက်ကိုင်တွယ်အသုံးပြုနည်းစသည့် ဘာသာရပ်များကိုလည်းကောင်း၊ လက်ရက်ကန်းခြောက်လသင်တန်းကာလအတွင်း အမျိုးသမီးဝတ်ရင်စေ့နှင့်ဝတ်ရင်ဖုံးအင်္ကျီများ၊ ချိတ်စကပ်၊ လေးလွှာစကပ်၊ သင်္ဘောသားအင်္ကျီ၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ လုံချည်ပတ်လည်ဒေါက်၊ လုံချည်ခွဒေါက်စသည့် အခြေခံစက်ချုပ်နည်းပညာများကိုလည်းကောင်း စာတွေ့(၃၀) ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်းနှုန်း သင်ကြားပေးခဲ့ကြောင်း ကျောင်းအုပ်ကြီး ဒေါ်သန္တာယုက ပြောပြသည်။


ဘာမီသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)