(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံကန်တော်ကြီးကန်ပတ်လမ်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံကန်တော်ကြီးကန်ပတ်လမ်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်


MNP ၊ ဒီဇင်ဘာ  ၈

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံကန်တော်ကြီးကန်ပတ်လမ်း ကတ္တရာထပ်ပိုးလွှာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်(၄)ရပ်ကွက်ရှိ ကန်ပတ်လမ်းယာဝဘောဇနကျောင်းရှေ့၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်သည်။


ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့သည်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ဦးဆောင်လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ အေးချမ်းသာယာရေးတို့ကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း၊ မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂ဝ၂၂ - ၂၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တင်ဒါအောင်ကုမ္ပဏီများမှဆောင်ရွက်သော လမ်းလုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီသတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှမုဒုံမြို့ ကန်ကြီးကန်ပတ်လမ်းတွင် လိုအပ်နေသော ကတ္တရာထပ်ပိုးလွှာခင်းခြင်း အရှည်ပေ ၁၅၀၀ လုပ်ငန်းအတွက် ပြည်နယ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေခွဲဝေချထားပြီး ဆောင်ရွက်စေခဲ့ကြောင်း၊ မုဒုံမြို့၏အထင်ကရတန်ခိုးကြီး ကန်ကြီးစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုသည့်အခါ ကန်ကြီးကန်ပတ်လမ်းတလျှောက် မင်္ဂလာကန်တော်ကြီးဝန်းကျင်သာယာလှပသည့် ကြည့်ရှုဖွယ်ရာရှုခင်းများကို  လှည့်လည်ကြည့်ရှုခံစားနိုင်မည့်အပြင် ကန်ပတ်လမ်းတလျှောက် သန့်ရှင်းလတ်ဆတ်သော သဘာဝလေကို ရှုရှိုက်ရင်း လေ့ကျင့်ခန်းယူ လမ်းလျှောက်သူပြည်သူများ စိတ်လက်ကြည်သာ ဘေးကင်းစွာဖြင့်  သွားလာနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း ယခုလိုဆောင်ရွက်ပြီးစီးခဲ့သည့် ကန်ကြီးကန်ပတ်လမ်းအား ရေရှည်တည်တံ့ရေးနှင့် လမ်းဘေးဝဲ/ ယာတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက် မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက ကန်တော်ကြီးကန်ပတ်လမ်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး မြို့မ(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အဆိုပါလမ်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။


သားငယ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)