ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အနီး ချောင်းလက်တက်အတွင်း လှေတစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အရက်ပုလင်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အနီး ချောင်းလက်တက်အတွင်း လှေတစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အရက်ပုလင်းများ သိမ်းဆည်းရမိ


MNP -    ဒီဇင်ဘာ  ၂၂

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် နတ်မြစ်အနီး ချောင်းလက်တက်အတွင်း လှေတစ်စီးပေါ်မှ  ဒီဇင်ဘာ ၂၁  ရက်နေ့ နံနက် (၁၄:၂၀) မိနစ် အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အရက်ပုလင်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရ သည်။


ဖြစ်စဉ်မှာ  လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  မောင်နီရွာကျေးရွာ အနောက်ဘက် နတ်မြစ်နှင့် ဆက်စပ် လျက်ရှိသော  ချောင်းလက်တက်အတွင်း ရေယာဉ်ငယ်များ နှင့်  ကင်းလှည့်ဆောင်ရွက်နေစဉ်  မြို့မအနောက် ရပ်ကွက် ရှိ P0E ( Point of Entry /Exit ) ဝင်/ထွက် စခန်းအနီးရောက်ရှိရာ နယ်စပ်ခြံစည်းရိုး အပြင်ဘက်ကပ်လျက် ကမ်းစပ်နေရာ တစ်ခုတွင် ကမ်းထိုးထားသည့် အလျား ၁၈ ပေ ၊ အနံ ၃ ပေ ၊ ရေစူး ၁ ပေခွဲခန့်ရှိ သစ်သားလောင်းလှေငယ် ၂ စီးအား တွေ့ရှိခဲ့သည်။ အဆိုပါ လောင်းလှေနှစ်စီးအား စစ်ဆေးရာ ဆာလာအိတ်များဖြင့် ထုပ်ပိုးထားသည့် Grand Royal တံဆိပ် ပါ အရက်ပုလင်း ၂၁၃ လုံး ၊ အရက်ပုလင်းအပြား ၄၈ ပြား ၊ Grand Master တံဆိပ်ပါ အရက်ပုလင်း ၁၄၂ လုံး ၊ Adman Gold တံဆိပ်ပါ ဘီယာဘူး ၁၂၀ ဘူး တို့အား တွေ့ရှိပြီး  ဆက်လက်ရှာဖွေရာ လောင်းလှေငယ်(၁)စီးအတွင်းရှိ  ဘီယာ နှင့် အရက်ဖာများ အောက်၌  အစိမ်း နှင့် အနီရောင်စပ် လက်ဆွဲအိတ်အတွင်း မိုင်းခံစက္ကူဖြင့် ထုပ်ပိုးထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ဟုယူဆရသည့် WY နှင့် R စာတမ်းများ ရောရာပါ နီညိုရောင်ဆေးပြား(၉၈၅၀)ပြားပါ (၁)ထုပ် ၊ WY နှင့် R စာ တမ်းပါ လိမ္မော်ရောင်ဆေးပြား(၉၈၅၀)ပြား ပါ(၁)ထုပ် (၉၉၀၀)ပြားပါ (၂)ထုပ် စုစုပေါင်း(၄)ထုပ် စုစုပေါင်းဆေးပြား (၃၉၅၀၀) ပြား စုစုပေါင်းအလေးချိန်(၃.၅၅၅) ကီလိုခန့်အား သိမ်းဆည်းခဲ့ကြောင်းသိရသည်။အဆိုပါ စိတ်ကြွရူးသွပ် ဆေး ပြား များကို တစ်ဘက် နိုင်ငံသို့ ပို့ဆောင်မည့်သူအား  မောင်တောမြို့မရဲစခန်းတွင်  မယ(ပ) ၄၅/ ၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၀(ခ) အရ အမှု ဖွင့်လှစ်ကာ မူးယစ်ဆေးဝါးများ နှင့် လောင်းလှေ ၂ စီး၏ ပိုင်ရှင်အား ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။


ဝေလ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)