အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ လူငယ်စကားဝိုင်း ကျင်းပ



MNP  -   ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီခန့်က အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူအများရှေ့တွင်ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်စာများများ ဖတ်ရန်လိုအပ်ကြောင်း၊ ပညာတတ်ကြီးများ ဖြစ်လာစေရန် ရည်မှန်းချက်ထားပြီး ကြိုးစားကြစေလိုကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်များဖြစ်လာမည့် လူငယ်များအနေဖြင့်  စာပေအသိပညာ၊ ဗဟုသုတဖွံ့ဖြိုးတိုးတက် ပြည့်ဝနေပါမှ  မိမိနိုင်ငံကို အကောင်းဆုံး ဦးဆောင်နိုင်မည့်သူများ ဖြစ်လာမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)ရှိ မြို့ပြအင်ဂျင်နီယာဌာနမှ ဒုတိယနှစ်ကျောင်းသား မောင်ကျော်ဇင်ဝင်းက လူငယ်နှင့်နည်းပညာ၊ လျှပ်စစ်ဆက်သွယ်အင်ဂျင်နီယာဌာနမှ ဒုတိယနှစ်ကျောင်းသား မောင်ကောင်းမြတ်မင်းက လူငယ်နှင့်အောင်မြင်မှု၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာနမှ ဒုတိယနှစ်ကျောင်းသူ မမြမြင့်မိုရ်က လူငယ်နှင့်မီဒီယာ၊ စက်မှုအင်ဂျင်နီယာဌာနမှ ပထမနှစ်ကျောင်းသား မောင်ရဲထက်နောင်က လူငယ်နှင့်ပျော်ရွှင်မှုစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဒေါ်ရီရီမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)