မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘူးသီးတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘူးသီးတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး




MNP -  ဒီဇင်ဘာ  ၂၆

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းလုပ်ငန်းများ ဆောင် ရွက် နေမှုအခြေအနေများအား  ဒီဇင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ ဝင် များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြ သည်။  


ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ တာဝန်ရှိ သူများသည် ဘူးသီးတောင်မြို့ တောင်ရပ်ကွက်တွင် TTTI ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သာယာဝတီလမ်း အလျား ၅၈၀ ပေ ၊ အနံ ၁၆ ပေ ၊ အမြင့် ၈ လက်မ ရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၊ အဂ္ဂဘုမ္မိဘုန်းတော်ကြီး ကျောင်း တိုက် လမ်း အလျား ၃၇၅ ပေ ၊ အနံ ၁၂ ပေ ၊ အမြင့် ၈ လက်မ ရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၊စိုင်းဒင်အားမာန် ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော မေဃဝတီလမ်း အလျား ၁၁၂၀ ပေ ၊ အနံ ၁၂ ပေ ၊ အမြင့် ၈ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း နှင့်  Boxculvart အလျား ၂၀ ပေ ၊ အနံ ၁၂ ပေ ၊ အမြင့် ၈ လက်မ တည်ဆောက်ခြင်းအား လည်းကောင်း ၊ ဘူးသီးတောင် -အငူမော်ကားလမ်းမပေါ်၌ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Boxculvart အလျား ၃၄၄၅ ပေ ၊ အနံ ၁၈ ပေ ၊ အမြင့် ၉ လက်မ တည်ဆောက်ခြင်းလုပ်ငန်းများ အား သတ်မှတ်ကာလအတွင်း  စံချိန်၊စံညွန်း အရည် အ သွေး ပြည့်မှီစွာဖြင့် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)