မိုးနဲမြို့နယ်၌ ပဲပုပ်-နေကြာ သီးညှပ်စိုက်ပျိုးခြင်း တောင်သူပညာပေးစံပြကွက်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ပဲပုပ်-နေကြာ သီးညှပ်စိုက်ပျိုးခြင်း တောင်သူပညာပေးစံပြကွက်စိုက်ပျိုး



MNP  - ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နားလင်းကျေးရွာ တောင်သူ ဦးစိုင်းအေထွမ်း၏ လယ်မြေ နှစ်ဧကနေရာ၌  ပဲပုပ်-နေကြာ သီးညှပ်စံပြကွက် တောင်သူပညာပေး စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။


ထိုသို့ သရုပ်ပြစိုက်ပျိုးရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုး‌‌ရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးက  ပဲပုပ်-နေကြာ သီးညှပ်စံပြ စိုက်ကွက်ကို နှစ်ဧကစိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ အထွက်ကောင်း ရေဆင်း-၁၅ ပဲပုပ်မျိုးနှင့် နေကြာ SRN 978 အိန္ဒိယမျိုးများကို  ပဲပုပ် ၈ တန်းကြားတွင် နေကြာနှစ်တန်း ကြားညှပ်စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ ပဲနှင့် နေကြာက လိုက်ဖက်မှုရှိပြီး ရေလိုအပ်မှုလဲတူညီမှုရှိ‌ကြောင်း၊ ပဲပုပ်ကနိုက်ထရိုဂျင် ဖမ်းပေးတဲ့အတွက် ကြားညှပ်ထားတဲ့နေကြာလဲ အာဟာရဓာတ်ရပြီးဖြစ်ကြောင်း၊ တစ်နေရာတည်းတွင် သီနှံ နှစ်မျိုးထွက်ရှိကာ ပဲပုပ်လဲရ စားသုံးဆီနေကြာလည်း ရရှိမည်ဖြစ်ကြောင်း၊ သီးနှံနှစ်မျိုး စိုက်ပျိုးထွက်ရှိသည့်အတွက် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလာနိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


မျိုးညွန့်ရွှေ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)