မုံရွာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မုံရွာတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကျင်းပ


50


MNP - ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများအား မြန်မာတို့၏အသက်သွေးချွေးနှင့်ရင်း၍ရခဲ့သော စိန်ရတုလွတ်လပ်ရေးနေ့ကို မြတ်နိုးတန်ဖိုးထားလာစေရန်၊ လူငယ်လူရွယ်များ မိမိတို့အမျိုးကို ချစ်မြတ်နိုးလာစေရန်နှင့် မျိုးချစ်စိတ်ဓာတ် ထက်သန်လာစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ မုံရွာတက္ကသိုလ် ဥပဒေပညာဌာန အဆောင်(၁/၅) ဒုတိယအထပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေး၏အနှစ်သာရ” ခေါင်းစဉ်ဖြင့် (၄၉)ဦး၊ ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးအောင်လံမြူးလွင့်ချိန်” ခေါင်းစဉ်ဖြင့် (၇)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် “လွတ်လပ်ရေးအမွေအမြဲတည်တံ့ပါစေ” ခေါင်းစဉ်ဖြင့်(၈)ဦး စုစုပေါင်း တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူ(၆၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများကို ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages