အမ်းမြို့နယ်၌ စနေနေ့တိုင်းအပတ်စဉ် မြို့သန့် ရှင်းသာ ယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ စနေနေ့တိုင်းအပတ်စဉ် မြို့သန့် ရှင်းသာ ယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



MNP ၊ ဒီဇင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ ၌ စနေနေ့တိုင်း အပတ်စဉ် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီအ ချိန်တွင်အမ်းမြောက် ရပ်ကွက်၊ရှေးဟောင်းသမိုင်းဝင် ပူလောင်တောင်စေတီတော် ပရဝုဏ်အတွင်း၌ ပြည်သူများစိတ်ချမ်းမြေ့စွာ ဘုရားဖူးကုသိုလ်ယူနိုင်ရေးအတွက် သန့်ရှင်းသာယာလှပစေရန်  စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင် ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းသန့် ရေးကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ခရိုင်/မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ ပူးပေါင်းပါဝင်၍  သစ်ပင်ချုံနွယ်များ ပေါင်းမြက်များအားခုတ်ထွင်ရှင်း လင်းခြင်းကို  စုပေါင်း ဆောင်ရွက်ကြောင်းသိရသည်။

 

စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)