မင်းလှမြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှာက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှာက်ပွဲကျင်းပ




MNP  -   ဒီဇင်ဘာ  ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးဆောင်ကျင်းပသည့်


ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီချိန်က ပြုလုပ်ဆင်နွဲခဲ့ကြောင်း သိရသည်။


စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၁၇၀)ဦးခန့်ပါဝင်ပြီး စုရပ်အဖြစ်(၅)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင်ရုံးဝန်းဟောင်းနေရာမှ စတင်စုပေါင်းလမ်းလျှောက်၍ မြို့နယ်အားကစားကွင်းအတွင်းသို့ရောက်ရှိကာ ကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း၊ လမ်းလျှောက်ပွဲတွင်ပါဝင်ဆင်နွဲကြသူများကို ကောက်ညှင်းပေါင်းထုပ်နှင့် ရေသန့်ဗူးများဝေဌပေးခဲ့ကြောင်း သိရသည်။


ပေါက်စ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)