ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဒက္ခိဏာရမဝိဟာရ ပရိယတ္တိစာသင်တိုက် (တောင်ကျောင်း)ရှေ့ သောက်သုံးရေကန် သန့်ရှင်းစေရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဒက္ခိဏာရမဝိဟာရ ပရိယတ္တိစာသင်တိုက် (တောင်ကျောင်း)ရှေ့ သောက်သုံးရေကန် သန့်ရှင်းစေရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေး





MNP    -     ဒီဇင်ဘာ   ၁၇

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်ဌာနဆိုင်ရာများမှ အပတ်စဉ် စနေ့နေ့တိုင်း ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့်  မြို့ရွာ ပတ်ဝန်းကျင်များသန့်ရှင်းသာယာရေးနှင့်သောက်သုံးရေကန်များသန့်ရှင်းစေရေးအတွက်  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ နံနက် ၇ နာရီက   ရမ်းဗြဲမြို့၊အမှတ်(၄)ရပ်ကွက်ရှိ  ဒက္ခိဏာရာမဝိဟာရပရိယတ္တိစာသင်တိုက်(တောင်ကျောင်း)ရှေ့ သောက်သုံးရေကန်သန့်ရှင်းစေရေးအတွက်  စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

    အဆိုပါ ဆောင်ရွက်ရာသို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊   မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်ပေးကြသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့တို့သည် ခြုံ နွယ် မြက် ပေါင်းများကိုခုတ်ထွင်ရှင်းလင်းပေးခြင်း၊ရေကန်တက်ရာလမ်းကို  ရှင်းလင်းပေးခြင်းနှင့်  ရေကန်ပတ်ဝန်းကျင်အနီးမှ  အမှိုက်များကို ကောက်ယူသိမ်းဆည်းပေးခြင်းတို့ကိုဆောင်ရွက်ပေးကြပြီး  မြက်၊   အမှိုက်များကို  မြို့နယ်စည်ပင်သာယာ

ရေးအဖွဲ့၏ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ သိမ်းဆည်းသယ်ဆောင်ပေးခဲ့ကြကြောင်းသိရသည်။

အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)