(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲကျင်းပ


MNP  -  ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လယ်ယာထုတ်ကုန်များ အဆင်ပြေချောမွေ့စွာ သယ်ယူထုတ်လုပ်နိုင်ရေးအတွက် ပြည်သူအကျိုးပြုလုပ်ငန်းများကို စနစ်တကျ စီမံ၍ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာခွဲရီက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင်ကျေးလက် ကုန်ထုတ်ဂဝံလမ်းသစ် ဖွင့်ပွဲအားကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်၀င်းက အဖွင့်အမှာစကားပြောကြားပြီး သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက ကုန်ထုတ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကံမြင့်ကျေးရွာအုပ်ချုပ်ရေးမှူးက ကုန်ထုတ်ဂဝံလမ်းသစ်‌ ဆောင်ရွက်ပေးမှု နှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ သုံးခွမြို့နယ် ကံမြင့်ကျေးရွာကုန်ထုတ်လမ်းသည် အရှည် ( ၀/၂.၁၂ )မိုင်  အကျယ် ( ၁၂ )ပေနှင့် ထု( ၉ )လက္မ ရှိဂဝံလမ်းသစ်ကို ၂၀၂၂/ ၂၀၂၃ ဘတ်ဂျက် တိုင်းဒေသကြီး အစိုးရခွင့်ပြု ရန်ပုံငွေကျပ်သန်း ( ၂၅ )သန်း ဖြင့်ကောင်းထူးအိမ် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါလမ်းသစ်ကို ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦး‌ဇော်ဇော်နောင်၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်၀င်း၊ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁) ဒုတိယဗိုလ်မှူးကြီး ၀င်းမိုးနိုင်၊ သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ သုံးခွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း‌အောင်နှင့် တာဝန်ရှိသူများက အဆိုပါဂဝံလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ကုန်ထုတ်လမ်းသစ်အား ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ၊ လယ်ယာအတွက် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ သယ်ယူပို့ဆောင်နိုင်မူ့ကြောင့် အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်းများ မရှိတော့ဘဲ လယ်ယာထွက်ကုန်များကို အချိန်နှင့် တစ်ပြေးညီတင်ပို့နိုင်မူ့ကြောင့် စီးပွားရေးများ အဆင်ပြေ၍ လူနေမှု့ဘဝများ တိုးတက်လာမည်ဖြစ်‌ကြောင်းနှင့် ကံမြင့်ကျေးရွာအနီးပတ်၀န်းကျင်ရှိ ကျေးရွာများမှလည်း အဆိုပါလမ်းသစ်ကိုအသုံးပြု၍ ကုန်စည်များတင်ပို့‌ ရောင်းချရာတွင်အလွယ်တကူသွားလာနိုင်မည်ဖြစ်‌ကြောင်း သိရသည်။


စည်သူလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)