ရသေ့တောင်မြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်း စစ်ဆေးအကြံပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရသေ့တောင်မြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်း စစ်ဆေးအကြံပေး

116

117

118


MNP  -  ဒီဇင်ဘာ  ၂၃

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့နေ့လည် ၁၂နာရီ ကရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက် ကမ်းနားလမ်းရှိနေအိမ်များအားအတွက် တစ်အိမ်တက်ဆင်းမီးသတိမူရေးစစ်ဆေးအကြံပေးကြသည်။


         ထိုသို့ စစ်ဆေးအကြံပေးရာတွင် မြို့နယ်မီးသတ်စခန်းမှတပ်ကြပ်ကြီး ကျော်ဆန်းဦး နှင့်တပ်ဖွဲ့ဝင်များကနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအားအသင့်ထားရှိရေး၊နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသောဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်၊စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။


ထို့ပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်းပြောကြား ကြောင်း သိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages