တနင်္သာရီတိုင်းဒေသကြီး(၁၀)မြို့နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး(၁၀)မြို့နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲကျင်းပ

 


MNP - ဒီဇင်ဘာ   ၁၇


(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တနင်္သာရီတိုင်းဒေသကြီး၊ (၁၀)မြို့နယ် အခြေခံပညာ ကျောင်းသားအားက စားပြိုင်ပွဲ အသက်(၁၈)နှစ်အောက် ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ(လူရွေးပွဲ၊ ဗိုလ်လုပွဲ)ကိုယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အမျိုးသား/အမျိုးသမီးပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမား များနှင့် အားက စားဝါသနာရှင်များ က ကြည့်ရှု့အားပေးခဲ့ကြသည်။


အသက်(၁၈)နှစ်အောက် (လူရွေးပွဲ၊ ဗိုလ်လုပွဲ) ပြေးပြိုင်ပွဲတွင် အမျိုးသမီးမီတာ(၃၀၀၀) (၈၀၀)နှင့် (၁၀၀)၊ အမျိုးသား မီတာ(၈၀၀)(၁၀၀)၊  အမျိုးသား /အမျိုးသမီး အမြင့်ခုန် နှင့် သံလုံးပစ် စသည့်တို့ကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။


သတင်း - ငွေဇင်ယော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)