ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ကြီးပညာရေး ဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် "လူငယ်စကားဝိုင်း"သို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ကြီးပညာရေး ဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် "လူငယ်စကားဝိုင်း"သို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ပေး





MNP  -  ဒီဇင်ဘာ ၂၇

လူငယ်များအတွက် လိုအပ်နေသော အသိအမြင်ကြွယ်ဝစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ကြီးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် "လူငယ်စကားဝိုင်း"ကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ကျင်းပသည်။


"လူငယ်စကားဝိုင်း"တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံအတွက် လိုအပ်သောပညာအခြေပြု လူ့စွမ်းအားအရင်းအမြစ်များစွာကို မွေးထုတ်ပေးနိုင်ရန် အဓိကအခန်းကဏ္ဍမှ တာဝန်ယူရမည့်သူများမှာ စွမ်းရည်(၄)မျိုးနှင့်ပြည့်စုံပြီး ဆရာအတတ်ပညာ အရည်အသွေးပြည့်ဝကျွမ်းကျင်သည့် ဆရာ၊ ဆရာမများဖြစ်ပါကြောင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ယနေ့အခမ်းအနားတွင် တောင်ကြီးပညာရေး ဒီဂရီကောလိပ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်းပြီး လူငယ်များအတွက် လိုအပ်နေသော အသိအမြင်ကြွယ်ဝစေရန် ဆောင်ရွက်ပေးသည့်အတွက် အလွန်ကောင်းသည့် လုပ်ငန်းဆောင်ရွက်မှုတစ်ခုဖြစ်ပါကြောင်း၊ လူငယ်များ အသိပညာမျှဝေမည့် ခေါင်းစဥ်များမှာလူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ကျန်းမာရေးလူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု၊ လူငယ်နှင့်လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ လူငယ်နှင့်အားကစားတို့ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိရဲ့စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် မိမိတို့ကိုယ်တိုင်တည်ဆောက်မြှင့်တင်ခြင်းအားဖြင့် နိုင်ငံကိုတည်ဆောက်မြှင့်တင်ရာရောက်သည့်အချက်ကို အသိပေးရင်း မြန်မာ့လူဘောင်အဖွဲ့အစည်း တိုးတက်ရာတိုးတက်ကြောင်းကို ဖော်ဆောင်နိုင်ကြသော လူငယ်လူတော်လူကောင်းများဖြစ်ကြရန် ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူငယ်စကားဝိုင်းအခမ်းအနားအတွက် ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းကိုပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှလက်ခံရယူပြီး လူငယ်စကားဝိုင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့်မှ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းသည်။


ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများက နေရာယူ၍ မိတ်ဆက်ကြပြီး စကားဝိုင်းကိုစတင်ကာ"လူငယ်နှင့်နည်းပညာ"ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးမေးမြန်းကြကြောင်း သိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)