ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား မြန်မာပြည်သိန်းတန် တေးသီချင်းများဖြင့် ဖျော်ဖြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား မြန်မာပြည်သိန်းတန် တေးသီချင်းများဖြင့် ဖျော်ဖြေ



MNP  -  ဒီဇင်ဘာ ၂၅

နိုင်ငံတော်နှင့် တပ်မတော်အတွက် သက်စွန့်ကြိုးပမ်းတာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားအငြိမ်းစား သက်ကြီးဘိုးဘွားများနားခိုရာ နေပြည်တော် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများကို ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်က ဘိုးဘွားရိပ်သာခန်းမ၌ တစ်ကိုယ်တော် လာရောက်ဖျော်ဖြေရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများ၊ ဘိုးဘွားများနှင့် ဝန်ထမ်း မိသားစုများ ကြည့်ရှုအားပေးကြသည်။


ဖျော်ဖြေပွဲတွင် မြန်မာပြည်သိန်းတန် တစ်ကိုယ်တော်ဖျော်ဖြေရာ ရတနာပုံ၊ အောင်စေတည်စေ ညီစေ၊ လွတ်လပ်ရေးတေးသံ၊ စနေထောင့်မှာ ပန်းလှူမယ်၊ နှင်းပွင့်သစ္စာ၊ တောင်ပြာတန်းကမောင့်ချစ်သူ၊ ရွှေသုန္ဒရီ၊ အန်ကယ်နိုး၊ ရွှေရုပ်ကလေးကောက်ရသလို၊ စုံတောမြိုင်၊ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်၊ ယောသူတို့ရွာ၊ မြစ်ဆုံကို လွမ်းစိတ်မပြေ၊ လူလိမ္မာ၊ တစ်ပါးသူမနမ်းစေချင် စသည့်နာမည်ကြီး တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်သည်။


ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်နှင့် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများ အမှတ်တရဓာတ်ပုံရိုက်ကြပြီး ဘိုးဘွားရိပ်သာ ကြီးကြပ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက မြန်မာပြည်သိန်းတန်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)