မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ



MNP - ဒီဇင်ဘာ ၈


မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ကျောင်းသားလူငယ်များ သတင်းမှား၊ သတင်းမှန်ခွဲခြား သုံးသပ်နိုင်စေရန်ရည်ရွယ်ကာ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီ၌ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမတွင် သတင်းမှား၊ သတင်းမှန်ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။


ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)နှင့်အတွင်းရေးမှူး ဦးအောင်ပြည့်စုံတို့မှ ကျောင်းသူ/ ကျောင်းသားလေးများကို သတင်းအမှားများကို ဝေဖန်သုံးသပ်တတ်စေရန်၊ ချင့်ချိန်ယုံကြည်တတ်စေရန်နှင့်သတင်းအမှန်ကို လက်ခံတတ်စေရန်၊ သတင်းမှားနှင့်သတင်းမှန်ကို ခွဲခြားသုံးသပ်နိုင်စေရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။


ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ မြို့နယ်ခေတ္တပညာရေးမှူး ဦးသိန်းထွန်းအောင်မှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)