မောက်မယ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း” ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း” ကျင်းပ




MNP  -  ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့ တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာများဖြင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲပြဿနာ များကို ရင်ဆိုင်ဖြေရှင်းတတ်စေရန်နှင့် လူငယ်များစာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေး ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန် ဖွံ့ဖြိုးရေး အတွက် “လူငယ်စကားဝိုင်း” ကို ယမန်နေ့ နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌  ကျင်းပ ပြုလုပ်ခဲ့ သည်။ 


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ် စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် “လူငယ်စကားဝိုင်း” စတင်ကျင်းပခဲ့သည်။


“လူငယ်စကားဝိုင်း”တွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းနှင့် ကျောင်းသား/ ကျောင်းသူများ (၅)ဦးတို့က ဆောင်ရွက်ကာ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ဘာသာရေး၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားရေး စသည့်ခေါင်းစဉ် များဖြင့်အပြန်အလှန် ဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိလိုသည် များကို ပြန်လည်၍ မေးခွန်းများမေးမြန်းခဲ့ကြရာ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက မေးခွန်းများ၏ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြသည်။ 


ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၄၀)ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့်ဓာတ်ပုံ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရ သည်။  


စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)