ရွှေတောင် မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးတောင်သူအသိပညာပေး စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးတောင်သူအသိပညာပေး စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်



MNP  -   ဒီဇင်ဘာ ၂၀

 ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂-ခုနှစ်   ဒီဇင်ဘာအတွင်း ကျေးရွာ ( ၁၀)ရွာစီစစ်ရွေးချယ်၍စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးတောင်သူအသိပညာပေးကွင်းဆင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လယ်ပိုင်းက ကျွန်းကလေးကျေးရွာအုပ်စု၊ ပဒေသာကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

     အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့ကျေးလက်လမ်းဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်‌နေဂျာ၊

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူး၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး၊မြို့နယ်ပြည်သူ့ကျန်းမာရေး  ဦးစီးဌာန၊မြို့နယ်သစ်တောဦးစီးဌာန၊စားသုံးသူ‌ေရးရာဦးစီးဌာန၊ဆည်‌ေမြာင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ေရးဦးစီးဌာန ၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှတာဝန်ရှိသူများလိုက်ပါ၍သက်ဆိုင်ဌာနအလိုက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ၊ဆောင်းနေကြာလျာထားဧကပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများအားအသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ EM

ဘိုကာရှီသဘာဝဓါတ်မြေသြဇာပုံနည်းအဆင့်ဆင့်နှင့် ဆေးရွက်ကြီးဆပ်ပြာပိုးသတ်ဆေး သုံးစွဲပုံအဆင့်ဆင့်တို့အားလက်တွေ့ သရုပ်ပြသခဲ့ရာဒေသခံတောင်သူ (၁၂၂)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)